Part-34

9K 651 4
                                    

Zawgyi

"ခစ်​ ခစ်​"

"လာပြီ​နော်​ လာပြီ​နော်​ ​ကျားကြီး လာပြီကွ"

"​လေးငယ်​​ရေ ကယ်​ပါ​အုံး ကျား​ဖေကြီး လာ​နေပြီ"

"ဘယ်​က ကျားလဲကွ ​လေးငယ်ရဲ့နတ်​သမီး​လေး​တွေကို
လိုက်​ဖမ်း​နေတာ "

"ဟိုမှာ ​လေးငယ်​ ဟိုမှာ"

"​ဝေါင်း"

"အာ...​ကြောက်​တယ်​ ​ကြောက်​တယ်​"

ရှေး​ခေတ်၊အဏ္ဏဝါနှင့်​ က​လေးနှစ်​​ယောက်​တို့သည်​ ခြံ​ရှေ့ မြက်​ခင်းပြင်​ တွင်​ ​ပြေးလွှား​ဆော့ကစား ​နေကြ၏။  ​ဒေါ်ငြိမ်​​ဆွေသည်​လည်း ဟင်းချက်​ရန်​ အရွက်​တို့ကို ဖျင်​​နေရင်း သ​ဘောတကျ ရှိ​နေ​လေသည်​။ ​ပျော်​မြူး​နေကြ​သော က​လေး​တွေကို ကြည့်​ရင်း သူမ ကြည်​နူး​နေရပါသည်​။ အဏ္ဏဝါသည်​ အခုလို လွတ်​လပ်​​ပေါ့ပါးစွာ မရယ်​ခဲ့တာ ကြာပြီမဟုတ်​​လေ လား။
ထို့ပြင်​ ဒန်း​လေး​ပေါ် ထိုင်​ရင်း laptop တစ်​လုံးဖြင့်​ အလုပ်​ရှုပ်​​နေ​သော ဒီ​ခေတ်​သည်​လည်း ရယ်​သံ​တွေဆူညံ​နေ​သော
က​လေး​တွေရှိရာ ဆီ တစ်​ချက်​တစ်​ချက်​ လှည့်​ကြည့်​ရင်း
ပြုံး​နေတတ်​​လေသည်​။ အဝါ​ရောင်​စံအိမ်​ ​လေးထဲရှိ
ပျော်​ရွှင်​မူနှင့်​ ချစ်​ခင်​ရင်းနှီးမူကို​ဖော်​ပြသည့်​ yellow ochidsတို့သည်​လည်း မြိုင်​ဆိုင်​စွာ လှပ​နေ​လေသည်​။
အသစ်​တစ်​ဖန်​ စတင်​ခြင်းဟုဆိုရာ၌ ဤ မိသားစု​လေး၏
ပျော်​ရွှင်​မူသည်​ အချိန်​ကြာမြင့်​သည်​​တော့ မဟုတ်​ခဲ့​ပေ။

ခြံဝင်း​ရှေ့သို့ ထိုးရပ်​လာ​သော ကားတစ်​စီး ။ ထိုကား​ပေါ်မှ ဆင်းလာ​သည်​က ​ဒေါ်​စောအိ​နြေ္ဒ ။ ​ပြေးလွှား​နေသည့်​ က​လေး​တွေကို မြင့်​​တွေ့ရစဉ်​သူမ နှုတ်​ခမ်းထက်​ အပြုံးတို့က
အလွယ်​တကူ ဖြစ်​ထွန်းလာသည်​။ သူမ ​ရောက်​​နေသည်​ကို
အရင်​မြင်​သည့်​သူက ဒီ​ခေတ်​ ဖြစ်​လျက်​ သူသည်​ မျက်​​မှောင်
နှစ်​ဖက်​ကို ကြုတ်​လျက်​ရှိ​သည်​။

"​မေ​မေ ဘာလာလုပ်​တာလဲ "

ဒီ​ခေတ်​ တံခါးမဖွင့်​​ပေး​သေးပဲ ​ပြော​တော့ သူမ ​ခေါင်း​လေးငုံ့
သွား​လေသည်​။

Anawar (Completed) Where stories live. Discover now