Happybirthday 💕 👥

8.7K 476 24
                                    


"​လေးငယ်​နဲ့​ဖေငယ်​​ရေ "

နံနက်​ခင်းရဲ့ ​ကြေးစည်​သံလို ချစ်​စဖွယ်​ က​လေးနှစ်​​ယောက်​ရဲ့ အသံ​က ​နေ့သစ်​တစ်​​နေ့တာကို လန်းဆန်းစွာ စတင်​​စေပါသည်​။

"ကိုကို ... က​လေး​တွေ လာ​နေပြီထင်​တယ်​ မြန်​မြန်​လုပ်​​နော်
ညီ​အောက်​မှာ ​စောင့်​​နေမယ်​"

"အွန်​..အွန်​"

အင်္ကျီကြယ်​သီး​တွေကူတပ်​​ပေး​နေရာမှ အဏ္ဏဝါ ​အောက်​ထပ်​သို့ အလျင်​အမြန်​​ပြေးဆင်းသွား၏။ တပ်​လို့မပြီး​သေး​သော
ကြယ်​သီး​တွေကို ဒီ​ခေတ်​ ​သေချာတပ်​ရင်း necktile
ကို စနစ်​ကျစွာ ချည်​လိုက်​ပြီး ကုတ်​အင်္ကျီ မီးခိုး​ရောင်​​လေးကို
ထပ်​လိုက်​၏။ ဆံပင်​​တွေကို သပ်​ရပ်​စွာ သ ပြီးသည့်​​နောက်
အောက်​ထပ်​သို့ ​ထွက်​ဖို့ ပြင်​ရပါသည်​။မဟုတ်​လျှင်​​တော့
သူကြာ​နေလို့ ဆိုပြီး ညီကစိတ်​ဆိုးမည့်​အပြင်​ ထွန်းသစ်​စ
မနက်​ခင်းတွင်​ က​လေး​တွေရဲ့ တီတီတာတာ စကားမကြားရလို့ စိတ်​ညစ်​ငြူးမူကိုဖြစ်​ ​စေနိုင်​ပါသည်​။

"​အာဘွား "

ပါး​​ဖောင်း​ဖောင်းအိအိ​လေး​တွေကို အနမ်း​ပေး​နေ​သော ညီ့​ဘေး ဝင်​ထိုင်​ရင်း မီး​လေး​တွေကို ​ပွေ့ချီလိုက်​၏။

"​ဖေငယ်​ကို​ရော အာဘွားမ​ပေးဘူးလား"

"​ပေးမှာ​ပေါ့.. အာဘွား"

ပါးနှစ်​ဖက်​​လေး​ဖောင်း​ပေးလိုက်​​တော့ နှုတ်​ခမ်း​ထူထူ ​သေး​သေး ​လေး​တွေဖြင့်​ ဖိကပ်​လာကြ၏။ သင်းပျံ့ပျံ့ သနပ်​ခါးရနံ့ကို သမီးတို့နားက ကြည်​လင်​စွာရရှိ​သည်​တွင်​ သူ အားရပါရ ရှူရှိက်​သလို ပြုမူလိုက်​၏။

"Wow ​မွှေးလိုက်​တာကွာ ဘယ်​သူလိမ်း​ပေးတာလဲ
သနပ်​ခါးက"

"မား.. လိမ်း​ပေးတာ"

"ဟုတ်​တယ်​"

"ပါးပါးက​လေ မားကို သနပ်​ခါးမလိမ်းရင်​ မချစ်​​တော့ဘူးလို့
ပြောတယ်​.. ပါးပါးကို ဆူ​ပေးပါဦး ​ဖေငယ်​"

အဖြူအစိမ်း​လေးဖြင့်​ မီးကြီးက လူကြီး​လေးသဖွယ်​ တည်​ငြိမ်
သည်​မို့ အချစ်​ပိုရသလို မီးငယ်​​လေးကလည်း ဥာဏ်​​ကောင်းကာ သွက်​လွန်းသဖြင့်​ တစ်​မိသားစုလုံး၏ အနှစ်​တုံး​လေး
ဖြစ်​​နေရပါသည်​၊

Anawar (Completed) Where stories live. Discover now