Part-19

9.7K 725 1
                                    

Zawgyi

"ဒီကိစ္စ ဘယ်​လို​ဖြေရှင်းဖို့စဉ်းစားထားလဲ ကို​ကျော်​​ဇော "

"မင်း ပူပင်​ရမယ့်​ ကိစ္စမဟုတ်​ဘူး ​မောင်​ဥက္ကာ "

ဦး​ဒီ​ခေတ်​​ကျော်​​ဇော နှင့်​ ဦးဥက္ကာ​ကျော်​သည်​ ခန့်​ညားထည်​ဝါလှသည့်​ ဦး​ဒီ​ခေတ်​​ကျော်​​ဇော ခြံကြီး၏ ပန်းပင်​​တွေကြား ထိုင်​ရင်း ​စကား​ပြော​နေကြခြင်းဖြစ်​ပါသည်​။ ဦး​ဒီ​ခေတ်​​ကျော်​​ဇော ၏ အ​နောက်​မှာ​တော့ လူယုံနှစ်​​ယောက်​သည်​အမြဲကပ်​ပါးစွာရှိ​နေလျက်​ ယခုလည်း သူ၏ ​နောက်​တွင်​ရပ်​လို့​နေပါသည်​။
ဦးဥက္ကာ ​ကျော်​က​တော့ ဝိုင်​ခွက်​အားဟန်​ပါပါကိုင်​လျက်​ လူယုံမပါပဲ တစ်​​ယောက်​တည်းထိုင်​လို့​နေပါသည်​။

"ရှယ်​ယာရှင်​​တွေက ရှယ်​ယာပြန်​ထုပ်​ဖို့ ကြိုးစား​နေကြပြီ
လုပ်​ငန်း​ရှင်​​တွေကလည်း လက်​​ရှောင်​ချင်​​နေကြပြီ ကျွန်​​တော်​တို့အသိုင်းအဝိုင်းမှာ မျက်​နှာပျက်​စရာ​တွေဖြစ်​ကုန်​တော့မယ်​ ဒီလိုပဲ ဘာမှမလုပ်​ပဲ ငြိမ်​​နေ​တော့မှာလား"

ဦးဒီ​ခေတ်​​ကျော​ဇော နှင့်​ ဦးဥက္ကာ​ကျော်​သည်​ တွဲဖက်​လုပ်​ငန်း
ရှင်​များဖြစ်​ ​သော်​လည်း ဦး​ကျော်​​ဇော ၏ အရှိန်​အဝါနှင့်​ ချမ်းသာကြွယ်​ဝမူကို​တော့ ဦးဥက္ကာ မမှီပါ။ ထို့ပြင်​ လုပ်​ငန်းလုပ်​ရာ၌အမြဲပင်​​ခြေတစ်​လှမ်းသာ​နေ​သော ဦး​ကျော်​​ဇော ​ကြောင့်
အောက်​မကျို့ခြင်​​သော်ငြား စီးပွား​ရေးအရ ဦးဥက္ကာ ​သည်
လွန်​ဆန်​နိုင်​သည်​ ဟူ၍မရှိ​ချေ။ သို့​သော်​ငြား ဦးဥက္ကာ သည်
ဦး​ကျော်​​ဇော ကို မ​ကျေမနပ်​ဖြစ်​ကာ ​နေသင့်​သည့်​​နေရာမ​နေပဲ လျှာရှည်​တတ်​၏။

"ဒီအတိုင်းထားလိုက်​မယ်​လို့လဲ ငါမ​ပြော​သေးဘူး ဥက္ကာ
အချိန်​တန်​ရင်​ ဒီကိစ္စ ​တွေအကုန်​ရှင်းသွားလိမ့်​မယ်​"

"ဘယ်​လို ရှင်းသွားမှာလဲ ကျွန်​​တော်​ သိခွင့်​မရှိဘူးလား"

ဦးဥက္ကာ သည်​ အထွန့်​တတ်​ကာ ​မေးခွန်းများ​မေး​နေ၏။ ဦး​ကျော်​​ဇော သည်​ အံ့ကြိတ်​ထားသဖြင့်​ မျက်​နှာသည်​ ခက်​ထန်​လျက်​ ​မေး​ကြောတို့သည်​ ​ထောင်​​နေ၏။ မျက်​ဝန်းတို့သည်​ ​နေညိုချိန်​ ​မှောင်​ရီ ဝိုးတဝါး​အောက်​ တလက်​လက်​​တောက်​ကာ
အပြစ်​မဲ့စွာ လှပ​နေ​သော ပန်းပင်​ငယ်​​လေးများအား စိုက်​ကြည့်​​နေ၏။

Anawar (Completed) Where stories live. Discover now