Part-9

11.7K 900 5
                                    

Zawgyi

"​လေးငယ်​ အလုပ်​သွားမှာ​ကော ဟုတ်​ရဲ့လား"

"​လေးငယ်​ မီးတို့ကို ထားခဲ့ပြီး မိန်းမယူသွားလို့ မရဘူး​နော်​"

"​လေးငယ်​ ထားခဲ့ရင်​ မီးတို့က ငိုမှာ"

ခါတိုင်းလိုမဟုတ်​ပဲ ဂျင်း​ဘောင်းဘီ အမဲ​လေးဝတ်​ကာ အ​ပေါ်က အနီကွက်​ လက်​ရှည်​ အကျီင်္ကို​ရှေ့ ကျယ်​သီးအပြည့်​တပ်​ကာ ဝတ်​ဆင်​လိုက်​ပြီး ဆံပင်​ခပ်​အုပ်​အုပ်​ကို haircote ​လေးအနဲငယ်​ လိမ်းထားလိုက်​ပါသည်​။ ပထဦးဆုံး အလုပ်​တတ်​ရမည့်​​နေမို့ ​ကောင်း​ကောင်း​လေးဝတ်​သွားချင်​​ပေမယ့်
သူ့ဆီမှာရှိတာ​တွေထဲ ဒီဝတ်​စုံက အ​ကောင်းဆုံးဖြစ်​​နေတာပါ။ ကုမ္ပဏီ က ယူနီ​ဖောင်းဝတ်​ရလား မဝတ်​ရဘူးလား ဘယ်​လိုဝတ်​ရမှာလဲ မသိတာ​ကြောင့်​​ရော သူ့ရာထူက​ ဘယ်​လိုကြီးမှန်းမသိတာ​ကြောင့်​​ရော အဆင်​​ပြေသလိုသာဝတ်​လိုက်​ပါသည်​။ ဟို​ရောက်​မှ အဆင်​မ​ပြေဘူးဆိုရင်​လည်း ​​​မသိလို့ ဝတ်​လာမိတာလို့ ​ပြောလိုက်​ယုံသာ။

ကိုယ့်​ကိုယ်​ကို မှန်​​သေး​သေး​လေး​ထောင်​ကာကြည့်​မိပြီး ​ရှေ့ကျယ်​သီးအ​ပေါ်ထိအပြည့်​တပ်​ထားတာက မလိုက်​ဖက်​ဘူးဟုထင်​တာ​ကြောင့်​ ကျယ်​သီးတစ်​လုံး​လောက်​ထပ်​ဖြုတ်​ထားလိုက်​သည်​။ အင်​...အခုမှပဲအဆင်​​ပြေသွား​တော့တယ်​။
ခပ်​ရဲရဲ နှုတ်​ခမ်းထူထူနှင့်​ မျက်​လုံး ဝိုင်းဝိုင်း​လေး​တွေ ခပ်​ထူထူဖြင့်​ အုပ်​အုပ်​က​လေး ဖြစ်​​နေ​သော ဆံပင်​​တွေသည်​ ဖြူလွှလွှ အသားအရည်​နှင့်​လိုက်​ဖက်​လွန်း​နေသည်​။
ဒီ​နေ့မှ သူ့ပုံစံအနဲငယ်​ သားနား​နေဟန်​တူသည်​မို့....
တူမ​လေး နှစ်​​ယောက်​က​တော့ သဝန်​တိုလို့​နေပါရဲ့။

"မီးတို့ကို ​လေးငယ်​က ထားခဲ့စရာလား မငိုရဘူး​နော်​ ​လေးငယ်​ အလုပ်​သွားမှာ ည​နေပြန်​လာရင်​ မုန့်​ဝယ်​ခဲ့မယ်​​နော်
ဒီ​နေ့ မီးမီးတို့ကို ဖွားဖွားက ​ကျောင်းလိုက်​ပို့မှာတဲ့ ​ကျောင်း​သေချာတတ်​ရမယ်​​နော်​ မငိုရဘူး​နော်​"

သူ​​ချော့ ​တော့ က​လေးနှစ်​​ယောက်​က ဟုတ်​ဟုဆိုကာ ​ခေါင်းညိမ့်​ကြ​လေသည်​။

Anawar (Completed) Where stories live. Discover now