Part-12

11K 821 8
                                    

Zawgyi

ခပ်​စိမ်းစိမ်း​စိုက်​ကြည့်​​နေ​သော မဲနက်​​နေသည့်​ မျက်​ဝန်းတစ်​စုံနှင့်​ ဆုံမိချိန်​ ဦးဒီ​ခေတ်​​ကျော​ဇော တစ်​​ယောက်​ စိတ်​ထဲ ထူးဆန်းသလိုဖြစ်​ကာ မိမိကိုယ်​ ဒီလိုကြည့်​ရဲသည့်​သူမရှိဖူးသဖြင့်
မျက်​​​​မှောင်​ ကြုံ့သွားရပါသည်​။ တစ်​​နေရာရာမှာ မြင်​ဖူးသလိုမျိုး အသိတချို့​ကြောင့်​ ​အရပ်​ခပ်​ပုပုနှင့်​ရဲတင်းလွန်းေ​​နသည့်
ေ​ကာင်​​လေးအား ​သေချာကြည့်​ပြီးမှ မျက်​လုံးတို့ကိုလွှဲဖယ်​ လိုက်​သည်​။

"ဒီ​ခေတ်​ ရှုပ်​ရှုပ်​ ယှက်​ယှက်​​တွေ ငါမကြိုက်​ဘူး​နော်​"

"ဗျာ...ဟုတ်​"

သားဖြစ်​သူကို လှည့်​​ပြောပြီး​နောက်​ သိပ်​​တော့မ​ကျေနပ်​ချင်​​ပေမယ့်​ ဦး​ကျော်​​ဇော အခန်းထဲမှ ထွက်​ခဲ့လိုက်​ပါသည်​။ 

ဘယ်​မှာမြင်​ဖူး​နေတာလဲ အဲ့ဒီ မှင်​စာ ရုပ်​နဲ့ က​​လေးကို။

တွေး​လေ ​တွေး​လေ စဉ်းစားလို့မရ​လေဖြစ်​ကာ...မ​ကျေမနပ်​ဖြင့်​ ​ဒေါသကအလိုလိုထွက်​လာသည်​။

••••••••••••••••
"ဒီ​လောက်​ပိုက်​ဆံ​လေးနဲ့ ဘာလုပ်​ရမှာလဲ အန်​ကယ့်​သားကိုယူရင်​ အန်​ကယ်​တို့ပိုင်​သမျှ စည်းစိမ်​အကုန်​ရမှာပဲ လဲစရာလား"

"အန်​ကယ်​ မခြိမ်း​ခြောက်​နဲ့ ကျွန်​မ ​မောင့်​ကိုချစ်​တာ ​ရွှေ​တွေ​ငွေ​တွေ မက်​လို့မဟုတ်​ဘူး"

"​ကောင်းပြီ​လေ ကျွန်​မ မိသားစုအတွက်​ ကျွန်​မ​နောက်​ဆုတ်​​ပေးပါ့မယ်​ ကျွန်​မနဲ့​မောင့်​ရဲ့ ချစ်​ခြင်းကိုခွဲခဲ့တဲ့အတွက်​ အန်​ကယ်​တို့ သားအဖလဲ ရှင်​ကွဲ ကွဲပါ​စေ ​ရော့ ဒီပိုက်​ဆံ​တွေ ပြန်​ယူသွား ကျွန်​မ ​ရှေ့ အန်​ကယ့်​သားကို ​ရောက်​မလာ​စေနဲ့"

•••••••••••••••

"​တောက်​စ်​"

"ဘာဖြစ်​လို့လဲ ဥက္ကဋ္ဌ ကြီး"

အ​တွေးထဲဝင်​လာ​သော စူးစူးရဲရဲနင့်​ ရဲတင်းလွန်းကာ မာနခပ်​ကြီးကြီး မိန်းက​လေးတစ်​​ယောက်​၏ ပုံစံကိုပြန်​မြင်​​ရောင်​လာမိသည်​။ တူလွန်း​သော မျက်​နှာထား စူးရဲ​သော မျက်​ဝန်းအကြည့်​​တွေ​ကြောင့်​ လှိုင်းသရဖီ ဆိုတဲ့ မိန်းက​လေးနဲ့ ခုနက​ကောင်း​လေးက တစ်​ခုခု ပတ်​သက်​ဆက်​နွယ်​​နေမည်​ဟု ​တွေးမိသွားသည်​။

Anawar (Completed) Tempat cerita menjadi hidup. Temukan sekarang