part-43 (Final)

18K 753 52
                                    

Zawgyi

"ဘာ​ပြောတယ်​ ...တိုက်​တစ်​လုံးကားတစ်​စီး ဟုတ်​လား?
ငါ့​မြေးကို အဲ့​လောက်​ပဲတန်​တယ်​လို့ထင်​​တာလား"

"မဟုတ်​ပါဘူး ကြီး​မေရဲ့ ... သ​ဘော​ပြောတာပါ"

"ဘာသ​ဘော မှ မလိုချင်​ဘူး .. ငါ့​မြေးအဖိုးတန်​​လေးကို
လွယ်​လွယ်​ကူကူ ​တော့ ဒီခတ်​လက်​ထဲ မထည့်​နိုင်​ဘူး​​နော်​"

"ဒါဖြင့်​ရင်​ ကြီး​မေ က ဘယ်​​​​လောက်​တင်​​တောင်း​စေချင်​တာလဲ"

"​ရွှေတစ်​ဆင်​စာ...စိန်​တစ်​ဆင်​စာ...မြတစ်​ဆင်​စာ..
အလှဥယျာဉ်​တစ်​ခြံ..ကားက ​နောက်​ဆုံး​ပေါ်သုံးစီး​လောက်
ပြီးရင်​..sedonaမှာ မင်္ဂလာ​ဆောင်​​ပေးမှ ​ကျေနပ်​မယ်​..
အော်​ ကျန်​​သေးတယ်​ .. ​နေဖို့အိမ်​ကို အနဲဆုံး သိန်း၈​ထောင်
တန်​​လောက်​... "

"ကြီး​မေ နဲ​နေ​သေးတယ်​လို့မထင်​ဘူးလား"

ဒေါ်​စောအိ​နြေ္ဒ မ​နေနိုင်​စွာ ရွဲ့​မေးရ​တော့သည်​။ ချက်​ချင်းလက်​ငင်း ​ရောက်​ချလာပြီး မင်္ဂလာကိစ္စလာ​ပြော​နေ​သော
လေ​ပြေ့ ဖွားဖွားကို အပြင်းပန်းကသာ ပြုံးပြ​နေရလျက်
စိတ်​ထဲတွင်​​တော့ တစ်​ခွန်းမကျန်​ ပြန်​​ပြော​နေမိ​လေသည်​။

အဖွားကြီး.. အရင်​က ငါ့ကို ​မော့​တောင်​မကြည့်​ရဲပဲနဲ့..
စိတ်​​လျှော့... ​စောအိ​နြေ္ဒ.. ဒီ​ခေတ်​ စိတ်​ချမ်းသာဖို့လို့တယ်​။

လေ​ပြေနဲ့ ပန်​ပန်​က​တော့ စကားဝိုင်းနဲ့​ဝေးရာသွားလျက်
က​လေးနှစ်​​ယောက်​ ကို ​နေကြာ​စေ့​လေး​တွေခွာ​ကျွေးရင်း
စကား​ပြော​နေကြပါသည်​။ မြတ်​​သောက​တော့ ​​ဒေါ်​စောအိ​နြေ္ဒ
ရဲ့ ဟန်​​ဆောင်​မျက်​နှာအား ကြည့်​ရင်း ကြိတ်​ရယ်​​နေသည်​။
ဒေါ်ငြိမ်း​ဆွေ ခမျာ မျက်​နှာ​လေးငယ်​လို့ ဘယ်​က​ရောက်​ချ
လာမှန်းမသိ​သော အဏ္ဏဝါ့ ဖွားဖွား ခံယူထားသူကို လက်​လံစွာ
ကြည့်​​နေ​​လေသည်​။ အသက်​အရွယ်​နဲ့ မလိုက်​ဖျက်​လတ်​​နေ​သော ဖွားဖွားက မျက်​နှာ​လေး​မော်​ချီထားလျက်​ မူပိုရန်​မသိ
သော အဏ္ဏဝါ ဘက်​မှ ​ပြော​နေရှာ၏။ အဏ္ဏဝါ နဲ့ ဒီ​ခေတ်
ကလည်း မနက်​တည်းက ထွက်​သွား တာ ခုထိပြန်​မ​ရောက်
သေးသဖြင့်​ ဒီအ​ခြေအ​နေကို သူမဘယ်​လိုထိန်းသိမ်းရမည်
မသိ​ပေ။

Anawar (Completed) Where stories live. Discover now