part-4

15.5K 1K 8
                                    

Zawgyi

တ​​ဖြောက်​​ဖြောက်​ကျ​နေ​သော ခပ်​ပြင်းပြင်း မိုးစက်​မိုး​ပေါက်​ ကြီး​တွေ​ကြောင့်​ ကား​မောင်းရတာဘယ်​လိုမှအဆင်​မ​ပြေ...။
မိုး​ပေါက်​​တွေကြီးပုံက ကားမှန်​​တောင်​ ကွဲသွား​တော့မလားထင်​ရသည်​။ ​မှောင်​မိုက်​​နေ​သော ဝန်းကျင်​အ​နေအထား​​ကြောင့်
ဘာကိုမှသဲကွဲစွာမမြင်​ရပဲရှိ​နေသည်​။

သို့​သော်​....

အဏ္ဏဝါ ငို​နေမလား....

အဏ္ဏဝါ စိတ်​​ ညစ်​​နေမလား....

အဏ္ဏဝါ ​ခံပြင်း​ဒေါသထွက်​​နေမလား...

အဏ္ဏဝါ အဆင်​မှ​ပြေရဲ့လား.....

အဏ္ဏဝါ အိမ်​ကော ပြန်​​ရောက်​ပြီလား....

လား​ပေါင်းများစွာက သူမကိုနိုပ်​စက်​​နေပါသည်​။ ကားမီး​ရောင်​ခပ်းစူးစူးကိုသာ ထွန်းပြီး အားပြင်း​သော မိုးစက်​မိုး​ပေါက်​ 
တွေကို တွန်းလှန်​ကာ သူမ အရှိန်​ပြင်းပြင်း ဖြင့်​ ​မောင်းနှင်​မိသည်​။ လမ်း​ပေါ်မှ လူတစ်​ချို့လည်း သူမကိုဆဲဆို​နေကြမှာ
ကျိန်​​သေပါ၏။

အဏ္ဏဝါ တို့အိမ်​​ရှေ့ကား​လေးကိုထိုးရပ်​ပြီး ကား​ပေါ်မှဆင်းလိုက်​ပါသည်​။ မိုးသည်​လည်း သည်းထန်​စွာ ရွာ​နေရာမှရပ်​သွားခဲ့​လေပြီ။ ​ဖြစ်​ရပ်​ဆန်းကြယ်​မူ တစ်​ခုဟုလည်း ဆိုလို့မရသည့်​တိုင်​ တစ်​ခါတစ်​​လေ မိုးသည်​လည်း ရင်​မှအပူကို သူ့အပူလို့ယူဆကာ အတူတူ ငို​ကြွေး​နေခဲ့၏။ ​ရေနံကြီးသုတ်​ထား​သော ​ခြေတံရှည်​အိမ်​​လေးထဲ သူမ မဝံ့ရဲစွာပင်​ အပြင်​မှရပ်​ရင်း ​ငေးကြည့်​​နေမိသည်​။

အဏ္ဏဝါ အိမ်​များပြန်​​ရောက်​​နေ​လေမလား....
အ​တွေးများစွာဖြင့်​....။

_________________။___________________

မိုး​ပေါက်​ကြီး​တွေသည်​ လူတစ်​ကိုယ်​လုံး ကိုများ ခဲလုံး​တွေနှင့်
ပစ်​​ပေါက်​​နေသလား ထင်​ရ​အောင်​ ပြင်းထန်​လွန်းပါသည်​။
အတွင်းဒဏ်​ရာ ရ​နေသူကို အပြင်​ကဒဏ်​ရာပါထပ်​​ပေ​နေသည်​လား။ ရယ်​​နေသည်​လား ငို​နေသည်​လား သူ့ကိုယ်​သူမသိရသည့်​တိုင်​ လွယ်​အိတ်​က​လေးကို ရင်​မှာပိုက်​ပြီး မိုးမစို​စေဖို့ သူအတတ်​နိုင်​ဆုံး ကွာကွယ်​ထားလိုက်​ပါသည်​။ မို​ရေ၏ ခပ်​ပြင်းပြင်း ဒဏ်​ကို သူကျိတ်​မှိတ်​ခံရင်း တ​ဖြေး​ဖြေး ​လျှောက်​လှမ်းလာခဲ့ရာ သူ​နေသည့်​ ရပ်​ကွက်​နား​လေး​ရောက်​​တော့ မိုး​တွေတိတ်​သွား​တော့သည်​။ မိုးရွာ​ပြီးသည့်​​နောက်​ ​စေးကပ်​လာ​သော ရွံညွှန်​​တွေနှင့်​ ​ရေကွက်​အိုင်​​လေး​တွေကို သူ ဖြတ်​​ကျော်​ကာ ​မီး​တွေ​မှောင်​​နေ​သော ရပ်​ကွက်​​လေးထဲ ​သူဆက်​လက်​၍
လျှောက်​လှမ်းခဲ့ပါသည်​။မှောင်​မဲ​နေ​သော လမ်းသွယ်​​တွေကြားထဲ မ​ကြောက်​ဘူးလား ဆို​တော့ ​ကြောက်​ပါ၏။ သို့တိုင်​...
သူ့မှာ ​ကြောက်​ဖို့အခွင့်​အရးမရှိဘူးဟုထင်​ပါသည်​။ ဒီအချိန်​​လောက်​ဆိုရင်​...​မေ​မေ့သူ့ကို စိတ်​​တွေပူ​နေ​လောက်​ပါပြီ ။ သူခပ်​​ဖြေး​ဖြေးလှမ်း​နေ​မိ​သော ​ခြေလှမ်း​တွေကို နှုန်းမြင့်​လိုက်​ပြီး
အိမ်​သို့အ​ပြေ​လေး သွားမိသည်​။

Anawar (Completed) Where stories live. Discover now