Part-22

10.2K 744 2
                                    

Zawgyi

"ဆီပူအိုးထဲ ထည့်​​ကြော်​ခံလိုက်​ရတဲ့ငရဲသားလို

ပူ​လောင်​မူ​တွေ ​ပျောက်​မသွားပဲ

တိုးသထက်​ တိုးလာတဲ့ ​ဝေဒနာမျိုးက

သံ​ယောဇဉ်​ တဲ့လား"

________________။_____________________

ခေါင်းဆီမှ ကိုက်​ခဲနာကျင်​မူကို  ခံစားသိရှိရပြီး​နောက်
ရှေး​ခေတ်​သည်​ အိပ်​​ပျော်​​နေရာမှ နှိုး၍လာ​လေသည်​။
မှုန်​ဝါး​နေ​သော မျက်​လုံးတို့အား ကြည်​လင်​​အောင်​ မျက်​ခွံတို့ဖြင့်​ ပုတ်​ခတ်​ ပုတ်​ခတ်​လုပ်​ရင်း ​ဘေးဘီဝဲယာကို ကြည့်​မိသည်​။ ​ခပ်​ပြင်းပြင်း​ဆေးနံ့တို့နှင့်​အတူ လူနာများစွာ အိပ်​​နေခြင်း
ကြောင့်​ ဤ​နေရာသည်​ ​ဆေးရုံ ဖြစ်​​ပေလိမ့်​မည်​။ ​ရှေး​ခေတ်​သည်​ ​လှဲ​နေရာမှ ခပ်​​ဖြေး​ဖြေး ထရင်း ​ခေါင်းအုံးကို မှီ၍ထိုင်​ရန်​ပြင်​လိုက်​ပါသည်​။

"ဟင်​!!!ကို​ရှေး​ခေတ်​ နှိုး​နေပြီလား"

ဆံပင်​ရှည်​ရှည်​တို့ ဖြန့်​ချထားပြီး ကြက်​​သွေးရင့်​​ရောင်​ ဝမ်းဆက်​ကို ဝတ်​ဆင်​ထား​သော မိန်းက​လေးသည်​ သူ့နားသို့ ​ရောက်​လာကာ တွဲထူရင်း​မေးလိုက်​သည့်​မို့ သူ​သေချာကြည့်​မိပါသည်​။ မ​နေ့ညက မိန်းက​လေးပါလား။

"မင်း!!မပြန်​​သေးဘူးလား"

"ကျွန်​မသတိုးသား ​ဆေးရုံတတ်​​နေရတာကို ပြန်​စရာလား"

"ဘယ်​လို"

အားကြီးနဲ့...ဘယ်​လိုကြီး​ပြောချလိုက်​တာပါလိမ့်​။ ​ရှေး​ခေတ်​သည်​ အံ့သြလွန်း၍ ​​ပြောစရာစကားမရှိ ဖြစ်​သွားရ​လေသည်​။

"အံ့သြမ​နေပါနဲ့ ဖုံးကွယ်​လဲမထားချင်​ပါဘူး ရှင့်​နာမည်​က ​ရှေး​ခေတ်​အက္ခရာ ဆိုမှ​တော့ ဒီ​ခေတ်​အက္ခရာ ရဲ့အစ်​ကို​ပေါ့
ပြီး​တော့ ဦး​ဒီ​ခေတ်​​ကျော်​​ဇော ဆိုတဲ့ ဘဝင်​မြင့်​​​နေတဲ့လူကြီးရဲ့  သား​မဟုတ်​လား "

Anawar (Completed) Where stories live. Discover now