Part-35

9K 627 12
                                    

Zawgyi

"သူတို့ဘာ​တွေ​ပြော​ပြီး ရယ်​​နေကြတာလဲမသိဘူး"

အဏ္ဏဝါ မျက်​နှာမှာ ဆူပုတ်​ပုတ်​ ဖြစ်​လို့​နေပါသည်​။ ​ခုတ​လော တပူးတွဲတွဲဖြစ်​​နေသည့်​ ဒီ​ခေတ်​နဲ့ မြတ်​​သောကို ကြည့်​ရင်း
မ​ကျေမနပ်​ ဖြစ်​လာ၏။ သူ့ကို​တောင် ရှိ​သေးရဲ့လား
မသိ​တော့သည့်​ ဒီ​ခေတ်​​ကြောင့်​ စိတ်​တိုလာရတာအမှန်​ပင်​။

"သိချင်​ရင်​ သွား​မေးလိုက်​​လေ"

မျက်​​စောင်းက အလိုလိုပင်​ ​ရှေး​ခေတ်​​ပေါ်ကျ​ရောက်​လျက်
ဝရံတာ​ပေါ်မှ သူလှည့်​ထွက်​လာလိုက်​၏။ ရည်းစားထားရတာ
သိပ်​စိတ်​ရှုပ်​ဖို့ ​ကောင်း​လေသည်​။

_________________။_____________________

မြတ်​​သောနဲ့ ဒီ​ခေတ်​သည်​ အ​မှောင်​ထုကို အားပြုလျက်​ ​ထောင့်​ချိုး အကွယ်​တစ်​ခုတွင်​ ​ရပ်​​နေလိုက်​ကြပါသည်​။ လမ်း​ကြောင်းကျဉ်းကျဉ်း​လေးထဲ ဘယ်​ချိန်​ လူလာမလဲ ​စောင့်​​နေရသည်​ကခြင်​​တွေလဲ ကိုက်​သဖြင့်​ စိတ်​ပျက်​ဖို့သိပ်​​ကောင်း​လေသည်​။

"မလာ​သေးဘူးလားကွာ"

နှစ်​​ယောက်​လုံးပင်​ ​မှောင်​ရိပ်​ခို​နေရာမှ ဒီ​ခေတ်​က ​မေး​လေသည်​။ မြတ်​​သောက နာရီကို ကြည့်​လိုက်​ပြီး....

"ကျွန်​​တော်​ သိရသ​လောက်​ ဒီချိန်​ ပြန်​လာမှာ ​စောင့်​ကြည့်​"

မြတ်​​သော စကားမဆုံး​သေးခင်​ လူတစ်​​ယောက်​သည်​ လမ်းကျဉ်​​လေးထဲ လက်​မှ ​ပါဆယ်​ထုပ်​ကို ဆွဲကာ ​ပျော်​​ပျော်​ရွှင်​ရွှင်
ပြန်​လာ​နေ​လေသည်​။

"ဟိုမှာ လာ​နေပြီ"

"အဲ့ဒီ​တစ်​​ယောက်​ ​သေချာလား"

"မြတ်​ ​သောကို အထင်​​တော့ မ​သေးသင့်​ဘူး"

"​အေ​ပါကွာ ​သေချာတယ်​ဆိုရင်​ သွားမယ်​"

ဒီ​ခေတ်​ သည်​ ​ပြောလဲ​ပြော maskဖွင့်​ထားသည်​ကို ပြန်​တပ်​လိုက်​ပြီး ဦးထုပ်​ကို ခပ်​ငိုက်​ငိုက်​​ဆောင်းလိုက်​ပါသည်​။
လက်​မှာ ​သေနတ်​အတုကို ဟန်​ပါပါ ကိုင်​ထားလိုက်​ပါသည်​။
မြတ်​​သောသည်​လည်း သူနဲ့အတူတူ beatတံ ကိုကိုင်​ရင်း
လမ်​​လျှောက်​လာ​နေ​သော လူ​ရှေ့ ရပ်​လိုက်​ကြပါသည်​။
ထိုလူသည်​ သူတို့နှစ်​​ယောက်​ကိုမြင်​​တော့ လန့်​သွားကာ
ထွက်​​ပြေးဖို့ ကြံစည်​​လေသည်​။ ဒါကို ကြိုမြင်​သည့်​ မြတ်​​သောက အမြန်​​ပြေးကာ လမ်းပိတ်​လိုက်​ ပြီး ဒီ​ခေတ်​က ​သေနတ်​နဲ့
ချိန်​လိုက်​ပါသည်​။ ထိုလူသည်​ ​ပြေးလမ်းပိတ်​သွားပြီး ​နောက်​ဆုံး​တော့ လက်​အုပ်​​လေးချီကာ ...မျက်​ရည်​လည်​ရွှဲဖြင့်​...

Anawar (Completed) Where stories live. Discover now