Part-36

8.5K 613 13
                                    

Zawgyi

မီးဖို​ချောင်​ထဲ က ထွက်​ဖို့​ခြေလှမ်းပြင်​ပြီးမှ ​ဒီ​ခေတ်​သည်​ ​ရှေး​ခေတ်​ကို သတိရသွားကာ အဏ္ဏဝါ ကို​မေးလိုက်​​လေသည်​။

"ညီ...​ရှေး​ခေတ်​ ဆီ ဖုန်းဆက်​လို့ရလား "

"ရတယ်​ ဒီ​ခေတ်​ ကိုရီးယား က အသိတစ်​​ယောက်​​ရောက်​လာလို့ ​တွေ့​နေတယ်​တဲ့ ည ပြန်​လာဖြစ်​ချင်​မှ ပြန်​လာဖြစ်​မယ်​တဲ့"

"ဟုတ်​လား"

"အင်​ အဲ့လို​ပြောတာပဲ"

စဉ်းစား စရာ​ပင်​။ ဘယ်​နှယ့်​ ကိုးရီးယားက အသိလဲ။ ကိုးရီးယားက အသိလာတယ်​ဆိုရင်​ သူ့ကို​ကော​ပြောရမှာမဟုတ်​ဘူးလား ။ ​ရှေး​ခေတ်​မှာ သူမသိပဲ တစ်​ခြား ခင်​တဲ့သူရှိလို့လား။
မေးခွန်း​​ပေါင်းများစွာကို စိတ်​ထဲကသာ​မေးမိရင်း။

"အင်​ အင်​ ....ညီ လုပ်​စရာရှိတာဆက်​လုပ်​​နော်​ ကိုယ်
မြတ်​​သောတို့နားသွားလိုက်​အုံးမယ်​"

"ဒီ​​ခေတ်​"

"​အင်​ ​ပြော​လေ "

အဏ္ဏဝါ သည်​ တစ်​ခုခု​ပြောဖို့ဟန်​ ပြင်​ပြီးမှ ...

"ဘာမှ မဟုတ်​​တော့ဘူး "

စိတ်​ထဲမှာ မတင်​မကျနှင့်​ ​ပြောစရာရှိ​နေသည်​မှန်း သိသာလှ၏။ သို့​သော်​ ဒီ​ခေတ်​ သည်​ အခု​လော​လောဆယ်​ မြတ်​​သောတို့ဆီ သွားမှ ဖြစ်​မည်​မို့... ​​လေး​လေးပင်​ပင်​နှင့်​ပင်​ ထွက်​ခဲ့လိုက်​ရပါသည်​။

_______________။___________________

မြတ်​​သောသည်​ ပန်​ပန့်​ကို ​ပွေ့ချီလာပြီး ကုတင်​​ပေါ်​သေချာချ​ပေး၏။ ကုတင်​​ပေါ်​ရောက်​​ရောက်​ချင်းပင်​ ပန်​ပန်​က ကိုယ်​​ကို
ခေါင်းရင်းနားထိ တိုးကပ်​သွားကာ ဒူးနှစ်​ဖက်​ကို ရင်​မှာပိုက်​လျက်​ ထိတ်​လန့်​​နေ​လေ​တော့သည်​။

"မမပန်​....မမ...မမ"

ုမြတ်​​သောသည်​ ပန်​ပန့်​နားတိုးကပ်​ရင်း စိတ်​ငြိမ်​​အောင်​ ​လုပ်​​ပေးဖို့ ကြိုးစားရသည်​။

"မမ ...မ​ကြောက်​နဲ့​နော်​ ကျွန်​​တော်​ရှိတယ်​"

"ဘယ်​သူ ဘယ်​သူလဲ ကျွန်​​တော်​က "

Anawar (Completed) Where stories live. Discover now