Part-39

8.8K 659 21
                                    

Zawgyi

"​ပျော်​​နေတာလား"

"ဟုတ်​တယ်​"

ကားပြတင်း​ပေါက်​ကို ​ငေးရင်း အဏ္ဏဝါ ဟာ အားရပါးရ ပင်
ဖြေလိုက်​၏။ ​နေ့တိုင်းလို အတူရှိ​နေ၍လား တစ်​ည​လေး
ခွဲခွာ​နေရတာကို တစ်​ကမ္ဘာ​လောက်​​ဝေး​သွားသလို ခံစားလိုက်​ရသည်​။ ​တော်​ပြီ...​နောက်​ဆို မဟုတ်​တာ​တွေ ​လျှောက်​​တွေးပြီး ထွက်​မသွား​တော့ဘူး။ စိတ်ကူးအ​တွေးပုံရိပ်​တွင်​...
ပြန်​​ရောက်​​ရောက်​ချင်း ဒီ​ခေတ်​ကို ​ပြေးဖတ်​ကာ အရမ်းလွမ်းတဲ့အ​ကြောင်း ​​ပြောဖို့ စီစဉ်​ထား၏။ ဒီလိုဆိုရင်​.. ..ဒီ​ခေတ်
သူ ထွက်​သွားတာကို ခွင့်​လွှတ်​လိမ့်​မည်​ထင်​သည်​။

ဟမ်​....​နေပါအုံး...ဒီ​ခေတ်​က ဘာလို့ခွင့်​လွှတ်​ရမှာလဲ...
စိတ်​ဆိုး​နေတာက....ငါမဟုတ်​ဘူးလား....။ခေါင်း​လေးကို
ဖြည်းညှင်းစွာ ယမ်ရင်း နှုတ်​ခမ်းတို့ကို နားရွက်​တပ်​ချိတ်​မတတ်​ပြုံး​နေမိသည်​။ မ​လေ​ပြေ​တောင်​ သူ့ကို ​ဘေးက​နေကြည့်​ရင်း အမြင်​ကပ်​​နေ​လောက်​​ပေပြီ။

သစ်​ခွရနံ့က အိမ်​​ရှေ့​ရောက်​သည်​နှင့်​ သင်းပျံ့ပျံ့ ရနံ့ကြူ​လေသည်​။ အိမ်​​ရှေ့​ရောက်​​တော့ ထူးဆန်းစွာပင်​ ခြံတံခါးဟာ
ပွင့်​ဟ​နေလျက်​ ကား​တွေသည်​လည်း များပြားလို့​နေ၏။

"ဘာလို့ ကား​တွေများ​နေတာလဲ"

အံ့သြစွာပင်​ သူ​ရေ​ရွတ်​ရင်း​ပြော​တော့ ​မ​လေ​ပြေကလည်း
ဘာမှသိပုံမရ စူးစမ်းလျက်​ရှိ၏။ ကားကို ခြံထဲထိ​​ရောက်​​အောင်​ ​မောင်းလို့ မရတာ​ကြောင့်​ အပြင်​မှာပဲ ရပ်​ခဲ့လိုက်​ပြီး
နှစ်​​ယောက်​အတူတူ အိမ်​ထဲသို့ ​ပြေးဝင်​ခဲ့မိကြသည်​။

အဏ္ဏဝါ တို့အိမ်​ထဲသို့​ရောက်​သွားချိန်​တွင်​ ဧည့်​ခန်းထဲတွင်​ လူစုံ​နေလျက်​ တစ်​​ယောက်​မှ မျက်​နှာမ​ကောင်​ကြ​ပေ။ သူတို့
ဝင်​လာတာမြင်​​တော့ အားလုံးရဲ့ အကြည့်​​တွေဟာ အဏ္ဏဝါ
ဆီသို့ ​ရောက်​ရှိလာ​လေသည်​။ မြတ်​​သောက​တော့ အဏ္ဏဝါ ကို မြင်​မြင်းချင်း ​နေရာမှထ​ကာ...

Anawar (Completed) Where stories live. Discover now