Part-2(ဒီ​ခေတ်​အက္ခရာ)

20.5K 1.2K 2
                                    

💚ဒီ​ခေတ်​အက္ခရာ💚

"မြန်​မာနိုင်​ငံတဲ့လား အဟင်း..."

ခပ်းပါးပါးနှုတ်​ခမ်းတစ်​စုံ ​ကော့ညွှတ်​သွား​အောင်​ပြုံးရင်း
"Dee khit"ဟု board​လေးကိုင်​ကာ ​စောင့်​​နေ​သော
မေ​မေ့ဆီသို့ သူထွက်​လာခဲ့သည်​။ အလျိုအလျို သွားလာ​နေကြ​သော လူအုပ်​ကြီး​တွေကို ဖြတ်​​ကျော်​ပြီး​နောက်​ လှပ​သော
အပြုံးပန်း​တွေဆင်​မြန်းကာ ​အ​ကောင်းစားပါတိတ်​ဝမ်းဆက်​နှင့်​ မျက်​နှာထက်​ မိတ်​ကပ်​ပါးပါးကိုလိမ်းခြယ်​ထား​သော​မေ​မေသည်​ အသက်​ ၅၀​ကျော်​ဟု မထင်​ရက်​စွာ နုပျို​လန်းဆန်းလျက်​ရှိ​နေသည်​ကို သူ​တွေ့လိုက်​ရပါသည်​။

"​​မေ​မေ"

"သား ဒီ​ခေတ်​ "

၅နှစ်​​ကြာပြီး​နောက်​ ပထမဦးဆုံး အမိ​မြေကိုပြန်​လာ​သော
သားဖြစ်​သူကို သူမပြုံး၍သာ ကြည့်​​နေခဲ့၏ ။ သူသည်​လည်း
မေ​မေ့ကို ပြုံး၍သာ ပြန်​ကြည့်​ဖြစ်​ခဲ့ပါသည်​။

"သား အပြီးပြန်​လာတာလားဟင်​ ​ရှေး​ခေတ်​က​ရော ​မေ​မေတို့ကို မုန်း​နေတုန်းပဲတဲ့လား"

အပြစ်​ကျူးလွန်​သူမဟုတ်​ပါပဲ အပြစ်​ကျူးလွန်​ထားသူလို အသံ​လေးတုန်​လျက်​ ​မေး​နေရှာ​သော ​အ​မေဖြစ်​သူကို သူ ​ပွေ့ဖက်​ထား​ပေးလိုက်​ပါသည်​။

"​ရှေး​ခေတ်​က ဟိုမှာအလုပ်​​တွေကျန်​​နေ​သေးလို့​နေခဲ့တာပါ
မေ​မေ ....​မေ​မေ့ကိုမုန်းလို့ပြန်​မလာတာမဟုတ်​ပါဘူး"

"ဟုတ်​လို့လား ကွယ်​ ​မေ​မေ​တော့ သားကြီး စိတ်​မ​ပြေ​သေးဘူးလို့ပဲထင်​​နေတာ ​မေ​မေ မှားမှန်းသိ​နေပါပြီ သားငယ်​ရယ်
မေ​မေ​နောင်​တ​တွေရ​နေပါပြီ... ​မေ​မေ့ကို သားတို့နှစ်​​ယောက်​လုံး ခွင့်​မလွှတ်​​ပေးနိုင်​ကြဘူးလားဟင်​ ​"

ပြောရင်းပင်​ မျက်​ရည်​​လေး​ဝေ့လာ​သော ​မေ​မေ့ကို သူအပြစ်​မတင်​ရက်​ ။ သားနှစ်​​ယောက်​လုံးနှင့် ​အ​ဝေးမှာ​နေ​ ​နေရသည့်​အတွက်​ ဝမ်းနှင့်​လွယ်​​မွေးထား​သော မိခင်​တစ်​​ယောက်​အ​နေဖြင့်​ ရင်​ကွဲမတတ်​ ခံစားရမှာ သူသိပါသည်​။ သို့​သော်​လည်း
သူ ​မေ​​မေနှင့်​​ဖေ​ဖေကို မျက်​နှာချင်းဆိုင်​ မကြည့်​ချင်​ခဲ့မိသလို
ခွင့်​လွှတ်​ဖို့ ​တော်​​တော်​ကြိုးစားခဲ့ရပါတယ်​။ ​ဘေးကကြည့်​​နေခဲ့ရသည့်​ ကျွန်​​တော်​ပင်​ ဒီ​လောက်​ခံစား​နေရလျှင်​ ​ရှေး​ခေတ်​ဆို
မည်​သို့​နေမည်​မသိ​ပေ။

Anawar (Completed) Where stories live. Discover now