Part-38

8.5K 609 8
                                    

Zawgyi

မှောင်​မည်း ​နေ​သော လမ်း​ကွေ့အချို့ကို ​လျှောက်​လှမ်းရင်း
လူသည်​က ​လေဟာနယ်​ထဲ လွှင့်​​မျှော​နေဆဲ။ အချိန်​နာရီ စက္ကန့်​​တွေ​ရွေ့လျားသွားသည့်​တိုင်​ သူဟာ အိမ်​ပြန်​ဖို့ စိတ်​ကူးမရှိ
သေး​ပေး။ ​ပြေးထွက်​လာခဲ့သည်​မို့ ဖိနပ်​တစ်​ဖက်​က ဘယ်
ဆီကျွတ်​ကျခဲ့မှန်းမသိ... စိတ်​​ပေါက်​​ပေါက်​နှင့်​ ကျန်​ရှိ​နေသည့်
ဖိနပ်​တစ်​ဖက်​ကိုပါ ချွတ်​ကာ လွှင့်​ပစ်​လိုက်​သည်​။ ​ကောင်းကင်​ယံမှ လမင်းကြီးက တစ်​ခြမ်းပဲ့​နေလျက်​ ကြယ်​​ရောင်​တို့ကင်း
မဲ့​နေ​လေသည်​။ ဒီ​ခေတ်​ ဆီက ယုံကြည်​မူ မရရှိသည့်​ သူရဲ့ဘဝဟာလည်း တစ်​ခြမ်းပဲ့​နေခဲ့သည်​မှာ ​ပြောပြစရာ​တောင်​မလို ။ ခဲလုံး​လေး​တွေ ​ကျောက်​တုံး​လေး​တွေ​ပေါ်လမ်း
လျှောက်​​နေရ​သော်​လည်း ​ခြေဖဝါးဆီက နာကျင်​မူက နှလုံးသား ဆီမှ နာကျင်​မူကို မမှီ။ စချစ်​မိပြီဆိုကတည်းက အထီးကျန်​ဆန်​မူဆိုတာကို ရင်​ဆိုင်​ရလိမ့်​မယ်​လို့ ဘယ်​တုန်းကမှ
မ​တွေးခဲ့ဖူး​ပေ။ ကြိုတင်​မတွက်​ဆ ခဲ့တာ သူကိုယ်​တိုင်​ က
ဒီ​ခေတ်​ကို ယုံကြည်​လွန်း ​နေခဲ့လို့လား။

တီး...တီး....တီး...

ကားဟွန်းသံက ဆိတ်​ငြိမ်​​သော ညအ​မှောင်​ထဲ မြည်​ဟည်း လို့ လာသည်​။ လမ်း​ပေါ် ပိတ်​ရပ်​ကာ ​လျှောက်​သွား​မိ​နေသည်​မို့ လမ်းဖယ်​ခိုင်​ခြင်းဖြစ်​မည်​ဟု ​တွေးလိုက်​ကာ ​ဘေးသို့ ​ရွှေ့​ပေးလိုက်​၏။ သို့​ပေမယ့်​ ကားက သူ့ကို ​ကျော်​မသွားပဲ ရှိ​နေလျက်​...ဟွန်းတီး​နေဆဲ။

"​တောက်​စ်​...ဘာလို့ဇွတ်​တီး​နေတာလဲ"

စိတ်​​တိုတို နဲ့ လှည့်​​အော်​​တော့ ကား​ပေါ်မှာ မ​လေ​ပြေ​သွေးကို ​တွေ့လိုက်​ရ​လေသည်​။ မ​လေ​ပြေက ကားကိုရပ်​ကာ
သူ့ဆီသို့ ​လျှောက်​လာပြီး...

"ဘယ်​​လျှောက်​သွားမလို့ ကြံ​နေတာလဲ"

အစ်​မကြီး တစ်​​ယောက်​က ကိုယ့်​​မောင်​ကို​ စိတ်​ပူလွန်း၍
ဆူပူ​နေသည့်​ဟန်ဖြစ်​သဖြင့်​ အဏ္ဏဝါသည်​ မ​လေ​ပြေလက်​ကို
ခါချလိုက်​မိ၏။ အလကား...အပို​တွေ။

Anawar (Completed) Where stories live. Discover now