Part-25

10.5K 746 3
                                    

Zawgyi

ရှုပ်​​ထွေးသွား​သော လူ​တွေကြားထဲ ဒီ​ခေတ်​သည်​ ဦး​ကျော်​​ဇော ၏ အရိပ်​အ​ခြေအ​နေကို အကဲခတ်​​လေသည်​။ ဦး​ကျော်​​ဇော သည်​ ဒီရုတ်​ရုတ်​သဲသဲ အ​ခြေအ​နေအား ထိန်းသိမ်းရန်
မည်​သိုမျှမကြိုးပမ်းပဲ လူအုပ်​ကြီးကို ခက်​ထန်​တင်းမာစွာကြည့်​​နေ​လေသည်​။ လူယုံနှစ်​​ယောက်​သည်​ ဦး​ကျော​ဇော ကို
ထိခိုက်​မည်​စိုး၍ အ​ရှေ့မှ ကာကွယ်​​ပေး​နေ​လေသည်​။ ​ရှေး​ခေတ်နဲ့သူသည်​ ဟန်​​ဆောင်​ ရန်​ဖြစ်​ကြသည်​ဆို​သော်​ငြား ထိခိုက်​မိကြ၏။အခွင့်​​ကောင်းကို​စောင့်​၍ ​​ရှေ့​နေအ​ယောင်​​ဆောင်​ ​ကောင်​​လေးနှစ်​​ယောက်​ အား သူထွက်​​ပြေး​တော့မည်​ဖြစ်ေ
ကြာင်း အချက်​ပြ၏ ။ကောင်​​လေး နှစ်​​ယောက်​သည်​လည်း သူ အချက်​ပြသည်​ကို မြင်​ကာ ​ခေါင်းငြိမ့်​ပြပြီး သူ ထွက်​​ပြေးတာကို ဦး​ကျော​ဇော  မမြင်​​အောင်​ ရန်​ပွဲကို ပိုပြင်းထန်​​စေလိုက်​ပါသည်​။ ပန်​သစ္စာ သည်​လည်း ဦးဥက္ကာ နဲ့ ဦး​ကျော်​​ဇော တို့
အာရုံလွဲ​စေရန်​ ပန်​ကန်​ပြား ​တွေ ကို ပစ်​ခွဲချကာ သူမကို
ထိခိုက်​မိ​ယောင်​ ​ဆောင်​လိုက်​ပါသည်​။ သတို့သမီး ထိခိုက်​သဖြင့်​ နှစ်​ဦးနှစ်​ဘက်​မိဘတို့သည်​ သူမနားသို့​ပြေးလာ​လေ
သည်။ လူ​တွေအားလုံး ပန်​သစ္စာ ဆီသို့ အာရုံ ​ရောက်​​နေစဉ်​  ဒီ​ခေတ်​သည်​ ​ရှေး​ခေတ်​ လက်​ကိုဆွဲကာ ​ပြေး​လေ​တော့သည်​။  novotel hotel အပြင်​ဘက်​​ရောက်​သည့်​ အခါ မြတ်​​သောက ကားစက်​နှိုး၍ အဆင်​သင့်​​စောင့်​​နေသဖြင့်​ နှစ်​​ယောက်​လုံး ကား​ပေါ်သို့ ​ပြေးတတ်​လိုက်​ကြ​လေသည်​။ ထိုစဉ်​ ​အ​ဖေ ဖြစ်​သူ ဦး​ကျော​ဇော ၏ တပည့်​များ အ​နောက်​က ​ပြေးလိုက်​လာသည်​ကို ​တွေ့လိုက်​ရ​လေသည်​။ မြတ်​​သောသည်
ပြေးလာ​သော လူ့ငမိုက်​သား​လေးများကို ​ပြောင်​စပ်​စပ်​နှင့်
တာ့တာ ပြကာ ကားကို အရှိန်​ပြင်းပြင်း ဖြင့်​​မောင်းနှင်​လိုက်​​လေသည်​။ အ​နောက်​က လူမိုက်​​လေးများက​တော့ ဘာလုပ်​ရမည်​မသိ ​ရောက်​ယှက်​ ခက်​လျက်​ ကျန်​ခဲ့​လေ​တော့သည်​။

Anawar (Completed) Där berättelser lever. Upptäck nu