Part-16

10.5K 755 5
                                    

Zawgyi

"ဒီ​နေ့ ရှိသမျှအလုပ်​​တွေ အကုန်​တာဝန်​ယူ​ပေးပါ ​လေ​ပြေ"

"ဟမ်​!!!ဘာလို့လဲ "

"ဒီလိုပဲ လုပ်​စရာ​လေး ​ပေါ်လာလို့ ဒီ​နေ့တစ်​ရက်​​ပဲ​လေ ​နော်
လေ​ပြေ "

လေ​ပြေအား အိပ်​ယာနိုးနိုးချင်း ဖုန်းဆက်​လျက်​ ဒီ​ခေတ်​ မျက်​နှာချို​သွေးရပါသည်​။ ​လေ​ပြေက​တော့ အိပ်​ချင်​မူးတူးအသံ​လေးပင်​​ပျောက်​လျက်​ သူ့ကို ​အော်​​နေပါ​တော့သည်​။ 

"ဘာဒီ​နေ့ တစ်​ရက်​ပဲလဲ မ​နေ့တုန်းက​ရော ရှင်​က အခန်း
တံခါးကြီးပိတ်​ပြီး ​နေ​နေတာ အလုပ်​​တွေ ​လေ​ပြေ အကုန်​လုပ်​ရတာပါ​နော်​"

"Hee ,Bonusလဲ ​ပေးမယ်​ကွာ ​နောက်​​နေ့ နားရက်​လဲ
ပေးမယ်​ ဟုတ်​ပြီလား"

"တကယ်​လား"

ဘယ်​လိုပဲဖြစ်​ဖြစ်​ ရှိသမျှ​သော စည်းစိမ်​တို့ ကုန်​ချင်​ကုန်​ပါ​စေ
အဏ္ဏဝါ ကို သူအချိန်​​ပေးရန်​လိုအပ်​သည်​​မို့......။

"နှစ်​ကယ်​ပါ"

"Ok ok လုပ်​စရာ ရှိတာလုပ်​ အလုပ်​အတွက်​​လေ​ပြေ အကုန်​တာဝန်​ယူတယ်​"

သူ့အ​ဖြေစကား​ကြောင့်​ ​လေ​ပြေ ​ပျော်​သွားဟန်​တူကာ အသံ​လေး ရွှင်​ပြလျက်​ ပြန်​​ပြော​လေသည်​။ ဒီ​ကောင်​မ​လေး ပိုက်​ဆံကို အ​တော်​ ရှာတာ .....ဒီ​လောက်​ချမ်းသာ​နေတာကို ပိုက်ဆံ​တွ ဘာလုပ်​ဖို့လဲ မသိ။

"Ok bye!!!"

ထို့​နောက်​ သူဖုန်းကိုချလိုက်​ပါသည်​။
ဒီ​နေ့ မနက်​ခင်းသည်​ အရင်​​နေ့​တွေကထက်​သာယာလှပ၏။
လေ​ပြေ့ကို အလုပ်​​တွေလွဲအပ်​ပြီးသကာလ လက်​နှစ်​ဖက်​ကို ​မြောက်​ကာ အ​ညောင်းဆန့်​ရင်း အိပ်​ယာ​ပေါ်မှထလိုက်​ပါသည်​။ လက်​ထဲမှ ကိုင်​ထား​သော ဖုန်းကို အိပ်​ယာ​ဘေးက
စာပွဲ​ပေါ်တင်​လိုက်​ပြီး​နောက်​...မိမိ အခန်း ပြတင်း​ပေါက်​ရှိ လိုက်​ကာကို ကြိုး​လေးဆွဲကာ ဖွင့်​ချလိုက်​ရင်း လတ်​ဆတ်​တဲ့ ​လေသင်းရနံ့ကို ရှူ ရှိုက်​မိသည်​။ခြံဝန်းအကျယ်​ကြီးဖြစ်
သော်ြ​ငား တစ်​ခြံလုံး ပန်းမျိုးစုံလင်​​အောင်​ စိုက်​ပျိုးထားသဖြင့်​ ​လေအ​ဝှေ့တွင်​ သင့်​ပျံ့ပျံ့ ပန်းရနံ့ တို့သည် ​အထပ်​မြင့်​တွင်​​နေ​နေ​သော သူ့အသက်​ရှူလမ်း​ကြောင်းဆီသို့ တိုးဝင်​​လေသည်​။

မြင်​​နေကျဖြစ်​​သော်​လည်း ​ရောင်​စုံ ပန်းတို့သည်​ ဒီ​နေ့မှ ပို၍
ကျက်​သ​ရေ ရှိ​နေ၏။ထို့အတူ သူ့ မျက်​နှာထက်​တွင်​ ပြုံးရိပ်​ဆင်​ခြင်းသည်​လည်း ပါး​ညောင်းသွားသည့်​တိုင်​ သူဟာ အပြုံးမပျက်​​သေး​ပေ။

Anawar (Completed) Où les histoires vivent. Découvrez maintenant