Extra -2

12.1K 639 53
                                    

Zawgyi

"ဒီည ကိုကို့ ကို အပိုင်းသိမ်းမှာ"

ထူ​နေတဲ့ နှုတ်​ခမ်းကို ပို​ထော်​​စေလို့ အားတတ်​သ​ရော ​ပြော​တော့ ကိုကိုက  မျက်​ခုံး​လေးတစ်​ဖက်​ ပင့်​တတ်​သွားလျက်
အံ့သြဟန်​​လေးဖြင့်​ ကြည့်​လာ၏။ ဒီ​ခေတ်​ရဲ့မအူမလည်​ပုံစံ​လေးက ကျွန်​​တော့်​အသဲကို ကလိ​နေသလိုပါ။ မ​နေနိုင်​မထိုင်​နိုင်​ ကိုကို့နှုတ်​ခမ်း ​တွေကို ထပ်​မံ၍ နမ်းရှိုက်​​တော့ အလိုက်​သင့်​​လေး ပြန်​ပါလာ​ပေမယ့်​ ကျွန်​​တော့်​ပုခုံးနှစ်​ဖက်​ကိုဆုပ်​ကိုင်​လို့ လူချင်းခွာ​စေလိုက်​သဖြင့်​ ကျွန်​​တော်​အံ့သြ သွားရသလို ဝမ်းနဲရိပ်​က တဖြည်းဖြည်း တတ်​လာသည်​။

"ကိုကို..ညီ့ ကို မချစ်​​တော့ဘူးလားဟင်​"

ထွက်​လာမည့်​ အ​ဖြေကို မကြားဝံ့​သော်​ငြား ​မေးမိလိုက်​၏။
ကျေးဇူးပြုပြီး ကျွန်​​တော့်​ကို .. အချစ်​​တွေမ​လျော့လိုက်​ပါနဲ့။

"ချစ်​တာ​ပေါ့ ညီရယ်​.. ချစ်​လွန်းလို့ သွား​လေရာ ကိုကို့အိပ်​ကပ်​ထဲ ထည့်​သွားချင်​တဲ့အထိပဲ"

"ဒါဖြင့်​ရင်​ ဘာလို့ ကျွန်​​တော်​နမ်းတာကို လက်​မခံတာလဲ"

အောက်​နှုတ်​ခမ်း​လေး​ထော်​ပြီး ​ပြောမိချိန်​..ကျွန်​​တော်​ကိုယ့်​ကိုယ်​ကို သိလိုက်​ရတာက .. ဒီခတ်​နဲ့ ချစ်​သူ​တွေဖြစ်​ပြီး​နောက်​ပိုင်း .. ကျွန်​​တော်​ အရင်​လို​အေးတိ​အေးစက်​မဟုတ်​ပဲ
သိပ်​ချွဲတတ်​ပြီး စကားများတတ်​လာတယ်​ဆိုတာပါပဲ။

"ညီ!!! ကိုယ့်​ကို ပိုင်​ပြီးသား​လေ အဲ့တာကိုထပ်​ပိုင်​ချင်​တယ်
ဆို​တော့... ညီဆိုလိုတာ ဒီည ကိုယ်​တို့"

မျှော်​လင့်​ချက်​​ရောင်​ခြည်​သမ်း​နေသည်​လား မျက်ဝန်းတို့မှာ
တောက်​ပလို့ ..ကိုကို့ရဲ့ ​မေးခွန်းမမည်​​သော အ​မေးအား
ခေါင်းအကြိမ်​ကြိမ်​ငြိမ့်​ပြဖြစ်​သည်​။

"​ညီ .. လက်​ခံနိုင်​ပြီလားဟင်း... မ​ကြောက်​​တော့ဘူးလား"

"မ​ကြောက်​​တော့ပါဘူး.. ကျွန်​​တော်​ ဒီလိုကိစ္စ​တွေကို မသိတာ​တော့ မဟုတ်​ပါဘူးကိုကိုရာ... ဒါ​ပေမယ့်​ ဘယ်​လို​ပြောရမလဲ။ ကိုကိုပဲစဉ်းစားကြည့်​ ​ကျွန်​​တော့်​လိုပုံမှန်​လူက
ချက်​ချင်းကြီး ​ယောကျာ်း​လေး​တစ်​​ယောက်​ကိုကြိုက်​မိသွားတယ်​။ အဲ့ဒီအပြင်​ ကြိုက်​မိတာကလည်း ကျွန်​​တော့်​ထက်​ အများကြီး သာပြီး ​တော်​လွန်းတဲ့ ကိုကို့ကို။နောက်​ပြီး.. ကိုကိုနဲ့ဆိုရင်​ ကျွန်​​တော်​ က လူ​ကောင်​​သေးတယ်။ကိုယ့်​ကိုယ်​ကို မိန်းက​လေးလို ခံစားသွားရ​လောက်​​အောင်​ အားနည်းတယ်​လို့ထင်​မိသွားတာ ။ အဲ့ဒါ​ကြောင့်​ အတူတူ​နေမယ့်​ အ​ကြောင်း​တွေ
တွေးမိတဲ့အခါ.. ကိုကိုနဲ့ဆိုရင်​ ငါက ဘယ်​​နေရာကလဲ​ပေါ့။
 ​နေ့လည်​က​တွေ့တဲ့​ကောင်​မ​လေး​ပြောသွားတာ​တော့
အစ်​ကိုက Bottomတဲ့ Nekoလို့​လည်းခေါ်တယ်​တဲ့ ။အကာကွယ်​သုံးတာတို့ ​ဆီသုံးတာတို့လုပ်​ရင်​ သိပ်​မနာပါဘူးတဲ့။နောက်​ပိုင်းနာတာက​နေ​ပြောင်းပြီး သာယာသွားလို့ နာတာ​တောင်​သတိမရ​တော့ဘူးတဲ့။ သူ​ပြောလို့အားရှိသွားသလိုပဲ အရင်​က အဲ့တာကိုပဲ တစိမ့်​စိမ့်​ထိုင်​​တွေးပြီး​ကြောက်​​နေတာ​လေ"

Anawar (Completed) Where stories live. Discover now