Part-6

12.6K 1K 10
                                    

Zawgyi

အသက်​ကိုခပ်​ပြင်းပြင်းရှူပြီး​နောက်​ သူမျက်​လုံး​တွေ ကိုမှိတ်​လိုက်​သည်​။ ထိုက်​​နောက်​ လက်​သီး​လေးကို ဆုပ်​ထားလိုက်​သည်​။

"ငါလုပ်​နိုင်​တယ်​.....ငါလုပ်​နိုင်​တယ်​ okay "

သူ့ဟာသူသာ အား​ပေးရင်း ပါးစပ်​​လေးကို အဝိုင်း​လေးလုပ်​ကာ ​စိတ်​သက်​သာရာ ရ​အောင်​ ​ရှူသွင်းထား​သော ​လေ​တွေကို မှုတ်​ထုတ်​လိုက်​ပါသည်​။ မှန်​​ရှေ့ အဖြူ​ရောင်​ suitနှင့်
Smartကျစွာ ​ချော​မော​နေ​သော သူ့ဟာ ကုမ္ပဏီ ဖွင့်​ပွဲအတွက်​ စိတ်​လှုပ်​ရှားလို့​နေပါသည်​။

Koreaမှာအ​နေများ​သော သူဟာ မြန်​မာနိုင်​ငံကို တစ်​ခါတစ်​ရံ မှသာ ပြန်​လာတတ်​ပါသည်​။ ​​ဆယ်​တန်း​အောင်​ပြီးကတည်းက koreaမှာ ​ကျောင်းတတ်​ရင်း အလုပ်​ဝင်​ခဲ့သူတစ်​​ယောက်​မို့ မြန်​မာနိုင်​ငံက စီးပွား​ရေးအ​ကြောင်း သူသိပ်​မသိပါ။ ​​ရှေး​ခေတ်​က​တော့ ဒီမှာပဲ ​ကျောင်းတတ်​ပြီး ​ဖေ​ဖေ့ အလုပ်​​တွေထဲ ဝင်​ကူခဲ့ရသည်​။ အကြီးဆို​တော့ အကြီးအရိုက်​အရာ ကိုယူရတာ​ပေါ့​လေ ။ ငါးမိနစ်​သာ ကွာ​သော သူတို့ညီအစ်​ကိုသည်​ ရုပ်​ချင်းဆင်​လွန်းလှကာ ​ရှေး​ခေတ်​တွင်​ နှုတ်​ခမ်းထက်​ မဲ့ရှိပြီး သူက​တော့ရှိမ​နေခဲ့။ သူများ​တွေက​တော့ သူတို့ညီအစ်​ကို ကို မဲ့​တွေသာ ကြည့်​ပြီး ဘယ်​ဟာက​ရှေး​ခေတ်​ ဘယ်​ဟာကဒီ​ခေတ်​ဆိုပြီး ခွဲတတ်​ကြပါသည်​။ တစ်​ချို့ တစ်​ခါ နှစ်​ခါ​လောက်​သာမြင်​ဖူးသူ​တွေက​တော့ သူတို့ညီအစ်​ကိုကို ခွဲဖို့​တော်​​တော်​ခက်​ခဲကြပါသည်​။

သူက​တော့ ကိုယ်​ဝါသနာပါသည့်​ အလုပ်​ကိုသာ လုပ်​ကိုင်​ချင်​သူဖြစ်​ပြီး ​ဖေ​ဖေ့ ကို ​ကြောက်​​သင့်​တဲ့​နေရာ ​ကြောက်​​ပေမယ့်
ဘဝနဲ့ဆိုင်​လာရင်​​တော့ သူမ​ကြောက်​ပဲ ရဲရဲဝံ့ဝံ့​ပြောဆိုရဲပါသည်​။ ကျန်​တာ​တွေ တူည်ီ​သော်​လည်း ဒီအချက်​တွင်​​ရှေး​ခေတ်​နဲ့
သူနဲ့ ကွာခြားလွန်းပါသည်​။ ​ရှေး​ခေတ်​က​တော့ ​ဖေ​ဖေ့စကား တစ်​ခွန်းကို ဘယ်​လိုမှမဆန့်​ကျင်​ရဲသလို တုန်​​နေ​အောင်​​ကြောက်​ပါသည်​။ ဒါ​ကြောင့်​လည်း ​ရှေးနဲ့လှိုင်းနဲ့........။

Anawar (Completed) Tempat cerita menjadi hidup. Temukan sekarang