Part-23

10.2K 759 2
                                    

Zawgyi

"မြတ်​​သော မင်းအခု ဘာ​ပြောလိုက်​တာလဲ အ​မေက ​ဆေးရုံ ဘယ်​လို​ရောက်​သွားတာလဲ အ​မေဘာဖြစ်​တာလဲ ငါ့ကို ရှင်း ငါ့ကိုရှင်းအုံး ငါမရှိတဲ့အချိန်​ခန​လေးအတွင်း ဘာဖြစ်​သွားကြတာလဲ"

ခံစားလွယ်​​သော နှလုံးသား​လေးသည်​ အလိုလိုကွဲ​ကြေလာ
လျင်​ အက်​ကွဲ​သော အသံဖြင့်​ အဏ္ဏဝါ ​မေး​နေမိပါသည်​။
မြတ်​​သောသည်​ ​သူ​မေးတာကို မ​ဖြေ​သေးပဲ ထရပ်​၏။
ထို့​နောက်​ ​ခြေ​ထောက်​​လေး ​ထော့လျက်​ လမ်း​လျောက်​ကာ အိမ်​​ရှေ့သို့ထွက်​သွား​လေသည်​။

"မြတ်​​သော မင်းက​ကော ဘာဖြစ်​ထားတာလဲ"

မြတ်​​သောသည်​ ဧည့်​ခန်းထဲက ထိုင်​ခုံ​ပေါ်တွင်​အားယူကာ ထိုင်​လိုက်​ပြီး​​နောက်​ စကား​ပြောဖို့အရှိန်​ယူ​နေ​လေသည်​။

"မြတ်​​သော"

" လူ ငါး​ယောက်​​လောက်​ရှိမယ်​ထင်​တယ်​ မနက်​အ​စောကြီး
လေးငယ်​တို့အိမ်​​ရောက်​လာတယ်​ ...ပြီး​တော့ မြနဲ့​ကျောက်​ကို ​ခေါ်သွားတယ်​ အန်​တီက ​လေးငယ်​လဲ ပြန်​မလာ က​လေး​တွေလဲ ဆွဲ​ခေါ်ခံရလို့ မူးလဲသွားတာ အခု​ဆေးရုံမှာ ကျွန်​​တော့်​အ​မေ​စောင့်​​ပေး​နေတယ်​....ကျွန်​​တော်​လဲ တတ်​နိုင်​သ​လောက်
က​လေး​တွေကို ​ဆွဲထားတာပဲ ဒါ​ပေမယ့်​ သူတို့က လူများတဲ့အပြင်​ တုတ်​လဲ ပါတာမို့ ကျွန်​​တော့်​​ခြေ​ထောက်​ အရိုက်​ခံလိုက်​ရတယ်​ ကျွန်​​တော်​ အသုံးမကျတာပါ "

အဏ္ဏဝါ သည်​​မေး​ကြော​လေး​တွေ​ထောင်​လျက်​ အံကိုတင်းတင်းကြိတ်​ထား​လေသည်​။ ဒါ​ကြောင့်​ ​ရှေး​ခေတ်​က ဒီ​ခေတ်​ကို တစ်​​ယောက်​တည်း ထားခဲ့တာလား။

"​တောက်​စ်​!!!"

မခံမရပ်​နိုင်​စွာ ထွက်​​ပေါ်လာမိ​သော အာ​မေဋိတ်​စကားသံ​နောက်​ မြတ်​​သောသည်​ အဏ္ဏဝါ လက်​အား ဆွဲပြီး​နောက်​ ထိုင်​ခိုင်းလိုက်​​လေသည်​။

"ကျွန်​​တော်​ ​ပြောစရာကျန်​​သေးတယ်​"

"..."

"သူတို့ထွက်​သွားပြီး သိပ်​မကြာခင်​ ကို​ရှေး​ခေတ်​ နဲ့ မပန်​သစ္စာ ​ရောက်​လာတယ်​!!!"

Anawar (Completed) Where stories live. Discover now