Thadingyut festival

7.7K 471 28
                                    


Zawgyi....

အသစ်မရေးနိုင်သေးတော့.. extraတွေကြီးပဲရေးနေမိတယ်။လကုန်စာမေးပွဲပြီးရင်တော့ fic newလာမယ်နော်။
______________________

နှစ်ပေါင်း ထောင်သောင်းမက ကိုကိုနဲ့ အတူတူရှိချင်တယ်။
အဲ့ဒီတော့...တောင်းဆိုတာ များသွားပြီလို့မပြောနဲ့..
အဆုံးမရှိတဲ့ အဏ္ဏဝါနယ်မြေ လို့်ပြောပြီးသားမို့ ကျွန်တော်သာ
ဖြစ်ချင်ရင် ကိုကိုက ဘာမဆိုဖြည့်ဆည်းပေးမှာယုံ။

မိုးရေထဲမှာလဲ မင်းကိုလွမ်းနေဆဲ
မင်းမရှိတဲ့နေ့ရက်များ
ခြောက်ကပ်ကာသွား..
မင်းမိဘရဲ့စကားတွေကို
ကြောက်တတ်တာလား...
ဖလူး ဖလူ ဖလူး ဖလူး..ဖလူး...
..

သည်းထန်စွာရွာသွန်းသည်မဟုတ်သော မိုးဖွဲတွေအောက်
ဖိနပ်မပါသော ကောင်လေးကို ကျောပိုးလို့ ခပ်လတ်လတ်အရွယ်လူ တစ်ယောက်ကတော့ ပျော်မြူးနေပါသည်။ စွဲထင်ကျန်ရစ်သော သီချင်းစာသားတစ်ချို့ကို ရွတ်ဆိုရင်း ပြိုင်တူရယ်မောမိကြ၏။

"ကလေး.. ကိုကိုတို့ပြန်ရအောင်”

"ဟင့်အင်း.. မိုးရေထဲနေချင်သေးတယ်”

"အိမ်နဲ့ တော်တော်လှမ်းနေပြီ ကလေးရဲ့"

"မသိဘူး.. မပြန်ချင်ဘူး"

"ကောင်းပြီဗျာ ဒါဆိုဆက်လျှောက်မယ်"

မိုးစက်ပွင့်တို့ရဲ့ အေးစက်စက်အထိအတွေကို ခံစားရသော်လည်း အချစ်နဲ့အတူမို့ အံတုနိုင်၏။ ဆက်လက်၍
ရောက်တတ်ရာရာ သီချင်းတို့ အော်ဟစ်သီဆိုရင်း မိုးညတစ်ညကို ထုဆစ်ပုံဖော်ဖြစ်ခဲ့သည်။

"ညီ..  ရေ မြန်မြန်ချိုးနော် ဖျားတော့မှာပဲကွာ"

စိုစွတ်နေတဲ့အဝတ်အစားတွေကို ကူချွတ်ပေးလို့ မချင့်မရဲ
ထွက်လာတဲ့စကားသံက ကျွန်တော့ကို ဂရုစိုက်ပေးနေတာမို့
သာယာသံ ထွက်သည်။

"ကိုကို"

"ဗျာ"

"တူတူချိုးရအောင်"

အင်္ကျီချွတ်ပေးနေတဲ့လက်တို့က တစ်ဝက်တစ်ပြတ်ရပ်သွားလျက်..  မျက်ခုံးတစ်ဖက်ကို ပင့်ကာ စိုက်ကြည့်နေသဖြင့်
အဏ္ဏဝါ ရယ်ချင်သွား၏။ ကိုကို ဟာလေ အခုထိသူအချက်မပြရင်..ဘယ်လောက် ခက်ခဲစွာ ခံစားနေရပါစေ မျိုသိပ်တတ်တဲ့လူသား။

Anawar (Completed) Where stories live. Discover now