Part-5

13.6K 938 13
                                    

Zawgyi

ဟိုဘက်​လှည့်​လိုက်​ ဒီဘက်​လှည့်​လိုက်​နှင့်​ သူ​တော်​​တော်​နဲ့ အိပ်​မ​ပျော်​ဘဲ ရှိ​နေခဲ့သည်​။ နဖူး​ပေါ် လက်​တင်​ရင်း ​ရှေ့ဆက်​ရမယ့်​ ဘဝခရီးအ​ကြောင်း အ​တွေး​တွေ ဝင်​​ရောက်​လာသည်​။
ကိုယ့်​ဘဝ ကိုယ့်​အ​ရေးက ဘာမှအ​ရေးမကြီး​တော့​ပေမယ့်
လူလားမ​မြောက်​​သေးသည့်​ သမီး​လေး​တွေ(တူမ​လေး​တွေ)
အတွက်​ သူပူပင်​​နေရသည်​။ ​တ​ဖြေး​ဖြေး အရွယ်​​ရောက်​လာကြသည့်​ က​လေး​လေးနှစ်​​ယောက်​အတွက်​ သူ့ရဲ့ လစာ နှစ်​သိန်း​လောက်​နှင့်​ ဘယ်​လို​လောက်​ပါ​တော့မလဲ။ အက္ခရာ ကုမ္ပဏီ မှာ အလုပ်​​လျှောက်​ရမလား မ​လျှောက်​ရဘူးလား ကလဲ
ခေါင်းထဲ ​နှောင့်​ယှက်​လို့​နေပါသည်​။ အလုပ်​လက်​မဲ့ အဖြစ်​ဒီအတိုင်း​နေသွားလို့က ​တော့ တစ်​မိသားစုလုံး ငတ်​ကုန်​လိမ့်​မည်​။

"ဟူး...."

လေပူ​တွေကိုသာ မုတ်​ထုတ်​ရင်း ​​ကြောင်​​နေ​သော မျက်​လုံးတို့ကို ကြိုးစားမှိတ်​ပစ်​လိုက်​သည်​။

ဒီ​နေ့အိပ်​စက်​ဖို့လို့တယ်​ မနက်​ဖြန်​အားအင်​​တွေရှိဖို့......။

"​မောင်​​လေး အိပ်​လို့မ​ပျော်​ဘူးလား အိပ်​မ​ပျော်​ရင်​ မမ​ဘေးနားက​နေ ၁ ၂ ၃ ၄  ​ရေ​ပေးမယ်​ နား​ထောင်​ပြီးအိပ်​​တော့​နော်​"

မှိတ်​ထားတဲ့ မျက်​လုံး​တွေကြားက မမအသံ​လေးကြား​နေရတယ်​ သူအိပ်​မ​ပျော်​တိုင်း ပုံပြင်​မ​ပြောပြတတ်​​ပေမယ့်​ မမ​ချော့သိပ်​နည်းက သူ့အတွက်​တကယ်​ထိ​ရောက်တဲ့ အိပ်​​ဆေး​လေးတစ်​ခွက်​ပဲ။ ပုံရိပ်​​ယောင်​ ဟုဆို​သော်​ငြား သူရင်​​နွေး​ထွေးရပါသည်​။သူမျက်​လုံး ဖွင့်​ကြည့်​မိသည်​လား မကြည့်​မိဘူးလား။
အဲ့ဒီ​နောက်​.....

"စ​ရေပြီ​နော်​ တစ်​ နှစ်​ သုံး ​လေး ငါး ​ခြောက်​....ခုနှစ်​.......
.......ဆယ်​ငါး.......နှစ်​ဆယ်​......................သုံး....​ရှစ်​"

မမလှိုင်း အသံ​လေးကတ​ဖြေး​ဖြေး အ​ဝေး​ရောက်​သွားသလို
ထင်​ရသည်​။ သူအားစိုက်​နား​ထောင်​​နေမိ​ပေမယ့်လည်း....
တ​ဖြေး​ဖြေးနဲ့ မျက်​လုံး​လေး​တွေ ပိတ်​ကျလာကာ သူအိပ်​​ပျော်​သွားပါ​တော့တယ်​။

Anawar (Completed) Where stories live. Discover now