Part-33

9.7K 639 24
                                    

Zawgyi

ဒူ​တွေက တုန်​​နေတာ မငြိမ်​သက်​​နိုင်​​​ပေ။ လက်​နှစ်​ဖက်​ဖြင့်​ ဒူနှစ်​ဖက်​ကိုပုတ်​ပြီး သတိ​ပေး​သော်​လည်း ရပ်​၍မရ။
လုပ်​ချင်​တာ​တွေ လုပ်​ချခဲ့ပြီး အပြင်​​ရောက်​မှ ရင်​​တွေ တုန်​​နေ၏။ ​လေပူကို အကြိမ်​ကြိမ်​မှုတ်​ထုတ်​ရသည်​။ ကိုယ်​​ပြောခဲ့တဲ့ စကားကိုယ်​တာဝန်​ယူရမည်​မဟုတ်​လား။ အခု​လော​လောဆယ်​ သူဟာ ​ယောကျာ်​​လေးတစ်​​ယောက်​အပါ် ဖွင့်​ဟဝန်​ခံခဲ့သည်​​လေ....​ယောကျာ်း​လေး​တွေအချင်​ချင်း ချစ်​သူဖြစ်​ရင်​ ဘယ်​လို လဲ သူမသိ ...မိန်​ခ​လေး​တွေနဲ့​တောင်​ရည်းစားမထားခဲ့ဖူးသဖြင့်​ အ​တွေ့အကြုံက သုည​အောက်​မှာရှိပါသည်​။

လက်​​ချောင်း​တွေကို တစ်​​ချောင်းနှင့်​တစ်​​ချောင်း ပွတ်​တိုက်​​နေရင်း နီရဲလာတာကို သတိမပြုမိ။အခုထိအခန်းထဲက မထွက်​လာ​သေး​သော ဒီ​ခေတ်​​ကြောင့်​ ပိုပြီး စိတ်​လှုပ်​ရှား​နေရသည်​။

ငါတကယ်​ပဲ ဒီ​ခေတ်​နဲ့ ရည်းစား​တွေ ဖြစ်​သွားပြီလား.....

ယုံကြည်​ခြင်းကတစ်​ဝက်​ မယုံကြည်​ချင်းကတစ်​ဝက်ဖြင့်​ ...
ရင်​ခုန်​ စိတ်​လှုပ်​ရှားမူက​တော့ အချိန်​စက္ကန့်​ မလပ်​ မြန်​​နေဆဲပင်​။ မသိဘူး မီးစင်​ကြည့်​ကရမှာပဲ ကိုယ်​က အနားမှာရှိ​နေ​စေချင်​ခဲ့တာမဟုတ်​လား။

"ဟိတ်​....ဘာ​တွေစဉ်းစား​နေတာလဲ"

အနား​ရောက်​မှ ရုတ်​တရက်​ ​ပြောလိုက်​သည်​မို့အဏ္ဏဝါလန့်​သွားကာ ထရပ်​မိ​လေသည်​။ စိတ်​​တွေကို မနဲတည်​ငြိမ်​​အောင်
လုပ်​​နေပါသည်​ဆိုကာမှ သူကတစ်​မျိုး။ မကြိမ်​ဆဲချင်​​သော်​ငြား
စိတ်​ထဲက​ပြောမိ​သေးတာပင်​။ ​ရေးချိုးပြီးကာစ အဖြူ​ရောင်​T shirtနှင့်​အဖြူ​ရောင်​ ​ဘောင်းဘီ ​ကြောင့်​တစ်​ကိုယ်​လုံးဟာ
ဖြူစွတ်​ပြီး ​ချော​နေ၏။ ​လိုချင်​ခဲ့​သော ရှည်​လျား​သောအရပ်​အ​မောင်းနှင့်​ ခန့်​ညား​သောရုပ်​ရည်​ ဘယ်​​နေရာ​ရောက်​​ရောက်
ထင်​​ပေါ်​နေမည့်​ ပုံပန်းသဏ္ဍန်​ဟာ ဒီ​ခေတ်​ ဆီမှာရှိ​နေ၏။ဒါ​ကြောင့်​များ ဒီ​ခေတ်​ကို သူချစ်​မိသွားတာလား မ​ပြောတတ်​​ပေ။
နှစ်​ချီပြီး သူ့အချစ်​ကို ​စောင့်​​မျှော်​​နေခဲ့တဲ့ ပန်​ပန့်​တုန်းက​တောင်
ရင်​ခုန်​စိတ်​လှုပ်​ရှားမူဆိုတာ မရှိခဲ့....ဘယ်​လိုဖြစ်​လို့ ဒီလူသားနဲ့ မှ လည်း......

Anawar (Completed) Where stories live. Discover now