Part-27

10.3K 685 8
                                    

Zawgyi

"ကို​ကျော်​​ဇော!!! ကျွန်​​တော်​မ​ပြောခဲ့ဘူးလား ကို​ကျော်​​ဇော တို့ဘက်​က ​သေချာမှ ယုံကြည်​ရမှ ဒီပွဲကို လုပ်​ပါလို့... အခု
ပြသာနာပိုကြီးသွားပြီ ကျွန်​​တော့်​သမီးလည်း တစ်​ရှက်
က​နေ နှစ်​ရှက်​ဖြစ်​​နေပြီ  ကို​ကျော်​​ဇော တို့ဘက်​က ပျက်​ကွက်
တာ ဒါ​နောက်​ဆုံးဖြစ်​ပါ​စေ ​နောက်​တစ်​ခါဆို ကျွန်​​တော်
ထပ်​ပြီး သည်းခံ​နေမှာမဟုတ်​ဘူး"

ဦး​ကျော်​​ဇော အား ဘာမှပြန်​မ​ပြောသင့်​မှန်း သိ​ပေမယ့်
ဦးဥက္ကာ သည်းမခံနိုင်​​တော့​ပေ။ ဒီပွဲ​လေးဖြစ်​​မြောက်​ဖို့
ပန်​ပန်​ကို သူဘယ်​လို​တွေ ​​ပြောခဲ့ရသလဲ ​တောင်းဆိုခဲ့ရသလဲ။
မိမိတို့မှာ သားသမီးဆိုလို့ ပန်​ပန်​တစ်​​ယောက်​တည်း ရှိတာ
ကိုယ့်​ကြောင့်​မဟုတ်​ပဲ သူများ​ကြောင့်​ ကိုယ့်​သမီး​လေး
လူပုံအလယ်​ အရှက်​ကွဲရခြင်းကို ဘယ်​မိဘက ​ပျော်​လိုက်​တာ
ဆိုပြီး ထိုင်​ကြည့်​​နေလိမ့်​မလဲ။ ဒီအချိန်​  ဦးဥက္ကာ ​ဘာကိုမျှ
မ​တွေးနိုင်​ တစ်​ဦးတည်း​သော သမီး​လေးအတွက်​ မ​ကျေမနပ်
ဖြစ်​လွန်းသဖြင့်​ ​ဒေါသတို့ကို ထိန်းကာ မ​ပြောရလျှင်​ ဘယ်​လိုမှ စိတ်​မ​ဖြေနိုင်​မှာ စိုးသဖြင့်​ ​ပြောလိုက်​ရပါသည်​။ ထို့​နောက်
မိန်းမဖြစ်သူနှင့်​ သမီးဖြစ်​သူလက်​အား ဆွဲကာ ခန်းမအပြင်​သို့
ထွက်​လာလိုက်​​လေသည်​။

ဦးဒီ​ခေတ်​​ကျော​ဇော သည်​  အံ့ကြိတ်လျက် သွား​တွေနာလာ ​​သည်​ကို သတိမမူမိ။

"အဲ့ဒီ​ကောင်​ကို ဆုံးမထားပါလို့ ငါမ​ပြောဘူးလား!!"

ဒေါသရိ​ပ်​လွှမ်းမိုး​နေ​သော အသံက လူယုံနှစ်​​ယောက်​ ကြားရုံသာ​ပြော​သော်​လည်း ပြတ်​သားထင်​ရှား၏။ ထုံးစံအတိုင်းပင်
လူယုံနှစ်​​ယောက်​ မှ တစ်​​ယောက်​သည်​ ဘာစကားမှမဆို
တိတ်​ဆိတ်​လျက်​ ကျန်​တစ်​​ယောက်​က ဦး​ကျော​ဇော ကို
ရိုကျိုးစွာပြန်​​ဖြေ​လေသည်​။

"​စေ့စပ်​ပွဲ ရှိ​နေလို့ ​နောက်​ဆုတ်​လိုက်​တာပါ ဥက္ကဋ္ဌ ကြီး
စိတ်​ထဲမထားပါနဲ့ ​နောက်​ နာရီဝက်​​လောက်​ဆိုရင်​ ဥက္ကဋ္ဌ ကြီး စိတ်​​ကျေနပ်ေ​စမယ့်​ သတင်းကြားရမှာပါ"

Anawar (Completed) Where stories live. Discover now