Part-11

11.2K 876 23
                                    

Zawgyi

"​​ခါတိုင်းဆို ​ဒီလမ်းအတိုင်းလာပြီး ညာဘက်​ကို​ကွေ့ရင်​ ​ရောက်​ပါပြီ ဘာလို့ အခုမ​တွေ့ရတာလဲ ကျစ်​ ...မလာတာကြာလို့
လမ်း​တောင်​ ​ကောင်း​ကောင်း မမှတ်​မိ​တော့ဘူး ဒုက္ခ ပါပဲ"

မျက်​ခုံးတို့တွန့်​​ကွေးလျက်​ အလွန်​တရာမှ စဉ်းစားခန်းဝင်​​နေ​သော ဒီ​ခေတ်​ကို အဏ္ဏဝါ ဘာစကားမှ မ​ပြောဘဲ ကြည့်​ရုံသာ
ကြည့်​​နေလိုက်​ပါ​တော့သည်​။

"​အော်​ ဟိုမှာ ​တွေပြီ အဲ့တိုက်​ပဲ ညီ အဲ့​ရှေ့​ရောက်​ရင်
ရပ်​လိုက်​"

နှစ်​ထပ်​တိုက်​အိမ်​ကြီး တစ်​လုံးအား လက်​ညိုးထိုးရင်း ဒီ​ခေတ်​က သူ့ကို ရယ်​ပြကာ ​ပြောသဖြင့်​ သူဒီ​ခေတ်​ပြတဲ့အိမ်​ကိုလှမ်းကြည့်​မိပါသည်​။ နှစ်​ထပ်​တိုက်​ကိုမှ ဝါ​ဖျော့​ဖျော့ ​ဆေး​ရောင်​သုတ်​ထားသည့်​အတွက်​ မျက်​စိ​အေး​စေပါသည်​။ တိုက်​​ရှေ့​ရောက်​​တော့ ဒီ​ခေတ်​က ကား​ပေါ်မှဆင်းကာ bellကိုနိုပ်​လိုက်​ချိန်​တွင်​ အိမ်​ထဲမှ ခြံ​စောင့်​တစ်​​ယောက်​ထွက်​လာကာ တံခါးဖွင့်​​ပေး​လေသည်​။

"ဘယ်​သူနဲ့ ​တွေ့ချင်​လို့လဲ ဗျ"

"​​မေ​​ကောင်း ရှိလား ဒီ​ခေတ်​လာတယ်​လို့ ​ပြော​ပေးပါ"

"ဟုတ်​ကဲ့ ခန​လေး​စောင့်​ပါ"

ခြံ​စောင့်​ ​ကောင်​​လေး အထဲပြန်​ဝင်​သွား​တော့ ဒီ​ခေတ်​က ကား​ပေါ်ပြန်​တတ်​ကာ ထိုင်​​နေပြန်​ပါသည်​။အဏ္ဏဝါက​တော့ အခုထိ ဒီ​ခေတ်​လုပ်​သမျှကို တစ်​ခွန်းမှမ​မေးဘဲ ​ငြိမ်မြဲတိုင်း ငြိမ်​​ကာကြည့်ေ​နပါသည်​။ ခြံ​စောင့်​​ကောင်​​လေး ဝင်​သွားပြီး သိပ်​မကြာခင်​ ခြံတခါး ကြီး ပွင့်​လာသဖြင့်​ သူ ခြံထဲသို့ ကား​မောင်း၍ဝင်​ခဲ့လိုက်​သည်​​။ အိမ်​ကြီး​ရဲ့ ဆင်​ဝင်​​အောက်​​ရောက်​ချိန်​တွင်​​တော့ အမျိုးသမီးဟု​ပြောရမလား အမျိုးသားဟု​ပြောရမလား လူတစ်​​ယောက်​က သူတို့ကို ထွက်​ကြို​လို့​နေပါသည်​။ ကားကို ဆင်​ဝင်​​အောက်​ရပ်​လိုက်​ပြီး နှစ်​​ယောက်​လုံး ကား​ပေါ်ကဆင်းချိန်​တွင်​​တော့ ထိုအမျိုးသားလိုလို အမျိုးသမီးလိုလို လူက ဒီ​ခေတ်​ကို ရယ်​ပြကာ ​ပြေးဖတ်​လိုက်​ပါ​တော့သည်​။

Anawar (Completed) Where stories live. Discover now