Part-10

11.7K 890 11
                                    

Zawgyi

ပထမရက်​ ...ဟုတ်​တယ်​ တစ်​ရက်​ပါပဲ ကျွန်​​တော်​နဲ့ ဒီ​ခေတ်
စကား​ပြောရတာ ဟိုလိုလို ဒီလိုလို ဖြစ်​​နေခဲ့တာ ။ ​နောက်​ရက်​​တွေလည်း ​ရောက်​​ရော စကား​ပြောရတာ အဆင်​​ပြေဖို့မ​ပြေဖို့ စဉ်းစားချိန်​ ကို မရ​​တော့ပါဘူး။ဒီ​ခေတ်​ရယ်​ ၊မ​လေ​ပြေရယ်​ ကျွန်​​တော်​ရယ်​ ​မြေကွက်​​တွေ အတူတူသွားကြည့်​ဖြစ်​တယ်​ ​။ ဒီ​ခေတ်​နဲ့ ​မ​လေ​ပြေက ​မြေကွက်​​တွေကြည့်​ပြီး ဝယ်​သင့်​တာဝယ်​တယ်​ ဘယ်​​နေရာမှ ဘာ​ဆောက်​မယ်​ စသဖြင့်​ တိုင်​ပင်​ကြတယ်​။ ကျွန်​​တော်​က​တော့ အဲ့ဒီ​မြေကွက်​နဲ့ လိုက်​ဖက်​ပြီး သူတို့​ပြောတဲ့ ပုံစံထွက်​​အောင်​ ပုံဆွဲ​ပေးဖို့ လိုက်​ကြည့်​တယ်​။

ပုံတစ်​ပုံဆွဲရ​တာ လွယ်​ကူမ​နေပါဘူး။ ခက်​ခဲလား ဆို​တော့လည်း ခက်​ခဲမ​နေဘူး။ တစ်​ရက်​ပြီးတစ်​ရက်​ ထိုင်​ရာကမထ ပုံ​တွေဆွဲ​နေခဲ့တာ ဦး​နှောက်​စားလွန်းလို့  ကျွန်​​တော့်​​ခေါင်း​တွေ ​ပေါက်​ထွက်​​တော့မယ်​ ထင်​ပါရဲ့။ တစ်​ပုံပြီးတိုင်း ဒီ​ခေတ်​နဲ့ ​လေ​ပြေ ကို ပြရတယ်​ ။ သူတို့မကြိုက်​ရင်​ ကျွန်​​တော်​ အစက​နေပြန်​ဆွဲ​ပေးရတယ်​ ။ကျွန်​​တော့်​ ဘဝကြီးက လွယ်​မ​နေပါဘူးဗျာ။

ဒီ​ခေတ်​က အခုမှကုမ္မဏီ စဖွင့်​တယ်​ဆို​ပေမယ့်​ လုပ်​ငန်းလုပ်​တာ ​တော်​​တယ်​လို့​ပြောရမှာပဲ။ ဝန်​ထမ်း​တွေအ​ပေါ်မှာလည်း
ကောင်း​ကောင်​မွန်​မွန်​ဆက်​ဆံတယ်​ ။ကုမ္မဏီ သူ​ဋ္ဌေးဆိုပြီး
မာန်​တတ်​​နေတာမျိုးမရှိဘူး ဥပမာ ပန်​ပန့်​​ဖေ​ဖေ ဦးဥက္ကာ​ကျော်​လို​ပေါ့ သူ​ဋ္ဌေး ဂုဏ်​​မောက်​​နေတာ​လေ ။ သူတို့လို လူမျိုး​တွေဆိုရင်​​တော့ ကျွန်​​တော်​ ကြည့်​လို့မရပါဘူး။ ​ပြောရင်း သတိရမိပြန်​ပါပြီး သူတို့ သားအဖကို ကျွန်​​တော့်​စိတ်​ထဲက
ပျောက်​ကွယ်​သွား​စေချင်​တယ်​ ။ ခက်​​တော့ခက်​သား ပထမဦးဆုံး ကိုယ်​လုပ်​ခဲ့ဖူးတဲ့ အလုပ်​မို့လိုလားမသိ ​အရာအားလုံး ​မေ့ပြစ်​​လောက်​ဖို့ထိ အဆင်​​ပြေ​မ​နေဘူး။

မ​လေ​ပြေကလည်း ဒီ​ခေတ်​ လိုပါပဲ အလုပ်​လုပ်​တာ စည်းစနစ်​ကျပြီးအရမ်း​တော်​တဲ့သူမှန်း အလုပ်​တွဲလုပ်​ကြည့်​မှ ​တကယ်​​သေချာသိရတယ်​။ ဒီ​ခေတ်​က ဘာလုပ်​ချင်​တယ်​ လို့တစ်​ခွန်​​ပြောလိုက်​ရင်​ ​နောက်​က​နေ ဘယ်​ဝန်​ထမ်း​တွေကို ဘယ်​​နေရာထားပြီး ဘာလုပ်​ခိုင်​ရမယ်​ အစဉ်​လိုက်​တန်းစီ ​ပေါ်လာတာမျိုး။ ဒီ​ခေတ်​နဲ့ မ​လေ​ပြေက ​တော်​​တော်​ ရင်းနှီးပုံရပါတယ်​ ။
တစ်​ခါတစ်​​လေ ကျွန်​​တော်​တို့ သုံး​ယောက်​ပဲရှိတဲ့အခါမျိုး စိတ်​မရှည်​​တော့ဘူး ဆိုရင်​ နှစ်​​ယောက်​သား နင်​​တွေ ငါ​တွေနဲ့ ​ပြော​နေကြတာ ကျွန်​​တော်​​တောင်​ ထ ​ပြေးရပါတယ်​။

Anawar (Completed) Where stories live. Discover now