Part-42

9.4K 624 22
                                    

Zawgyi

"ငါတို့ သွားအဖမ်းခံကြမလား"

"ကိုယ့်​​သေတွင်း ကိုယ်​တူး​ချင်​တာလား ရန်​ပိုင်​"

"ဒါဆို..ဘယ်​လိုလုပ်​မလဲ ဥက္ကဋ္ဌ ကြီးက ​လူသတ်​တဲ့
အမူပဲ​နော်​ ​ဆေးမှုမပါဘူး"

"ငါ သိတယ်​"

ဥက္ကဋ္ဌ ကြီးကို ​ဆေးမှုနဲ့ ပတ်​သတ်​ပြီး ဘာမှ စွတ်​စွဲလို့ မရ​အောင်​ ...သူတို့နှစ်​​ယောက်​က အမြဲလို ​ခြေယာ​ဖျောက်​ဖျက်​ဆီး
ပေးခဲ့သဖြင့်​... လူသတ်​မူသာလျှင်​ ဥက္ကဋ္ဌ ကြီးခံခဲ့ရတာပင်​။
ဆေးမှုနဲ့ပတ်​သတ်​ပြီး ရဲ​တွေက ဆက်​လက်​စုံစမ်း​နေကြသဖြင့်
သူတို့နှစ်​​ယောက်​ ​ပြေး​ပေါက်​ပိ​တ်​​နေ​လေပြီ။ ရန်​ပိုင်​ထွန်းရထားတဲ့ ဓားဒဏ်​ရာကလည်း အ​တော်​​လေး သက်​သာလာသည့်​ အ​ခြေအ​နေမို့ ပုန်းခိုရာ ​နေရာမှ ထွက်​သွားဖို့ကြံရ​ပေမည်​။
သိပ်​မကြာခင်​ ဒီ​နေရာသည်​ ရဲ​တွေထံ သတင်း​ရောက်​​တော့
မည်​မို့ သူတို့နှစ်​​ယောက်​အတွက်​ မလုံခြုံ​တော့​ပေ။

"သိတယ်​ ဆိုရင်​လည်း တစ်​ခုခုလုပ်​ဖို့ စဉ်းစား​လေကွာ
အဖမ်းမခံချင်​ရင်​ ထွက်​​ပြေးမှရမှာ​ပေါ့ ..ဒီနိုင်​ငံထဲမှာ
ဆက်​​နေလို့​တော့ ရမှာမဟုတ်​ဘူး ငါ​ပြောတာသ​ဘော​ပေါက်​တယ်​မလား"

"အင်​"

စိုးမြတ်​မင်း သည်​ ​နောက်​ထပ်​စကားမဆို​တော့ပဲ ​သေနတ်​ကို
ထုတ်​ကာ ကြည့်​အပြည့်​ဖြည့်​​နေလိုက်​ပါသည်​။ ထို့​နောက်
Smart ကျ​နေ​သော necktileကို ​လျောတိ​လျော့ရဲ ဖြစ်​​အောင်​ ဆွဲချရင်​... ပြတင်း​ပေါက်​မှတစ်​ဆင့်​ ပတ်​ဝန်းကျင်​ကို
အကဲခတ်​လိုက်​​လေသည်​။

"​မင်းဆီမှာ ဒီ​ခေတ်​ ဖုန်းနံပါတ်​ ရှိတယ်​မလား"

"အင်​ ရှိတယ်​.. ဘာလုပ်​မလို့လဲ"

"ဆက်​လိုက်​.. ​ဟောင်​​ကောင်​ သွားမယ့်​​လေယာဉ်​ လက်​မှတ်​လိုချင်​တယ်​လို့ "

"ဒီ​ခေတ်​က အဲ့​လောက်​ လွယ်​မယ်​ထင်​လား"

ရန်​ပိုင်​ထွန်းက မဖြစ်​နိုင်​သည့်​အရာမို့ မျက်​နှာ ရှုံ့တွ ​နေ​ပေမယ့်​ စိုးမြတ်​မင်းက မျက်​နှာ​ကြောတို့တင်း​နေရာမှာ နှုတ်​ခမ်း
တစ်​ဖက်​ တွန့်​ကာ ပြုံး၏။ ​သေနတ်​ ကို အ​ဝေးတစ်​​နေရာသို့
ချိန်​ရွယ်​ကာ ပစ်​လိုက်​ပြီး အ​ပေါ်ထပ်​ဂျာကင်​ကို ဝတ်​လိုက်​​လေသည်​။

Anawar (Completed) Where stories live. Discover now