Part-15

10.7K 742 10
                                    

Zawgyi

မှောက်​မိုက်​​နေ​သော အခန်းငယ်​ထဲ ရှိသမျှ​သော အလုပ်​ တို့ကို ​ဘေးမှာပုံလျက်​ sofa​ပေါ် ​ခြေဆန့်​ရင်း ဒီ​ခေတ်​ မလှုပ်​မယှက်​ ​နေ​နေမိသည်​။ မီး​ချောင်းတို့အား ပိတ်​ထားလျက်​ လိုက်​ကာစတို့သည်​လည်း ချထားသဖြင့်​ သူ့ရုံးခန်း​လေးသည်
နေ့ခင်း​ဘက်​ဖြစ်​​သော်​ငြား ​မှောင်​မိုက်​လို့​နေပါ၏။

လက်​ထပ်​ခြင်း လက်​မထပ်​ခြင်းသည်​ လူတစ်​ဦးအတွက်​အ​ရေးပါ​လေသလား။ မဖြစ်​မ​နေ လုပ်​​ဆောင်​ရမည့်​ အရာတစ်​ခုလား...သည်​လိုဆိုရင်​​တောင်​ ကိုယ်​ချစ်​နှစ်​သက်​ သူကိုပဲ လက်​ထပ်​လို့မရဘူးလား။ ​ရှေ​ခေတ်​ နဲ့ ဒီ​ခေတ်​ ဆိုသည့်​ ကျွန်​​တော်​တို့ ညီအစ်​ကို နှစ်​​ယောက်​လုံးသည်​ အချစ်​​ရေးတွင်​ ကံဆိုး လွန်းဖို့ ဇာတာ တူ​နေ​လေသည်​။အင်း​လေ...အမွှာ​တွေကို တူတာမဆန်းကြယ်​ပါဘူး​လေ။ကံ​ကောင်းတာ​လေး တစ်​ခုက​တော့ ​ရှေး​ခေတ်​က မိန်းက​လေး​တွေ ကြိုက်​ပြီး ကျွန်​​တော်​က​ ​ယောကျာ်း​လေး​တွေကို ကြိုက်​တာပါ။ မဟုတ်​ရင်​ တစ်​​ယောက်​ထဲကို နှစ်​​ယောက်​ပြိုင်​လု​နေရမှာ မြင်​​ယောင်​သည်​။
အခု​တောင်​ ​မောင်​နှမ နှစ်​​ယောက်​ကို ကြိုက်​သည့်​အချက်​က
အမွှာမို့ စိတ်​ချင်းဆက်​​လေသလားထင်​ရသည်​။

မျက်​နှာကြပ်​ကို ​ငေး​နေရင်းမှ မျက်​နှာချင်းဆိုင်​ ဆိုဖာ ရှိသည့်​ဘက်​သို့ လှည့်​လိုက်​ပြီး တစ်​စုံတစ်​ရာ ကို ​တွေး​တော့မိသည့်​အခါ ရင်​ထဲ လှိုက်​ဖို ဝမ်းနဲ လာရသည်​။

Sofa ​ပေါ်မှာ ကျန်​ရှိ​နေသည့်​ အဏ္ဏဝါရဲ့ အ​ငွေ့အသက်​​လေး​တွေ ကို သတိရမိတဲ့အခါ ​တွေ့ချင်​စိတ်​က ဖြစ်​​ပေါ်လာပြန်​သည်​။ က​လေး​လေးတစ်​​ယောက်​လို ပါး​ဖောင်း​ဖောင်း​လေးနှင့်
နှုတ်​ခမ်း​လေး​​ထော်​ကာ အိပ်​စက်​​နေသည့်​ အဏ္ဏဝါကို သူ​ငေးကြည့်​ရတာ ကြိုက်​နှစ်​သက်​သည်​။ စိတ်​မထိန်းနိုင်​သည့်​အခါ
ပါ​ဖောင်း​ဖောင်း ​လေးကို ဖိညစ်​ပစ်​ချင်​စိ​တ်​​တောင်​ ​ပေါက်​​လာသဖြင့်​ ထိန်းချုပ်​သိမ်းဆည်းလိုက်​ရသည်​မှာ သမာဓိ​အား​ကောင်းလွန်​၍ မဟုတ်​ တန်​ဖိုးထားလွန်း၍ ဖြစ်​ပါသည်​။

Anawar (Completed) Where stories live. Discover now