ဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အဟိန်းအဟောက်ထဲ အငိုမျက်လုံး အပြုံးရှင်ရဲ့ သက်ပြင်းက ညနေမှာ ဈေးပေါင်ကျိုးသလို ရိုက်ချိုးခြင်းခံခဲ့ရ....။ မြူမှောင် ကင်းတဲ့ ရောင်နီသစ်ကို အမြီးပဲရရ..ခေါင်းပဲရရ..ထိတွေ့ချင်နေတဲ့ ရှင်သန်ခြင်းအပြည့်နဲ့ အစာအိမ်ဟာ ဇာတာကို ရေလုံပြုတ် ငါးပိရည်နဲ့ ရောမြှပ်လို့ မနက်သစ်တိုင်းကို သိမ်းကျုံးပွေ့ကြိုနေရရှာတယ်..။ အိမ်ပြန်ချိန် သေလိုက်ရှင်လိုက် ခန္ဓာမှာ ထော့ကျိုးထော့နင်း ရပ်တည်မှုတွေက အိမ်ယာမဲ့..... တိမ်တစ်စုနဲ့ ခြေရ
135 parts