"လွမ်းတယ်​...အ​မေ"

158 2 1
                                    

(ဆု​လေးတစ်​ဆုချိတ်​လာခဲ့ပြီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ဆု​လေးတစ်​ဆုချိတ်​လာခဲ့ပြီ...
ပြည်​ပမှာအလုပ်​သွားလုပ်​သူ​တွေရဲ့အ​ကြောင်း
ရေးခိုင်းတဲ့ကဗျာ​လေးပါ.....။
မောင်​မျိုးမင်း၏ က​လောင်​တံ စာ​ပေ Group ၏
ဒုတိယ အကြိမ်​ ​မော်​ဒန်​ သီးသန့်​ ကဗျာ ပြိုင်​ပွဲ )

....................................................
                  
 
         "လွမ်းတယ်​...အ​မေ"

အသိုက်​မြုံတစ်​ခုရဲ့သန်း​ခေါင်​စာရင်းကို
ဝမ်းဆာ​ဖောင်းပွမှုလို့​ ခေါင်းစဉ်​တပ်
နွား​ခြေရာခွက်​မှာ တစ်​ဝမ်းတစ်​ခါး​ တွေက
မျက်​တွင်း​ဟောက်​​ပက်​...။

မျက်​ရည်​တွဲလဲ အစာငတ်​ နှုတ်​ခမ်း​တွေ​ကြောင့်
ခွံ့​ကျွေးမယ့်​လက်​တစ်​စုံဟာ
အ​ရောင်​မတူ ဘာသာစကားရဲ့မြို့​မှာ​ ဘဝကို...စ...။

မနက်​လင်းတိုင်း
လမ်း​လျှောက်​ရင်း ပန်းမ​ကောက်​နိုင်
မောလာတဲ့ ထွက်​​လေကြားမှာ
ချွေးစို့တဲ့ ဝင်​​လေ​တွေက ပြန်​လက်​ပန်းကျ....။

ဆက်​သွယ်​မှုမဲ့ဇုန်​မှာ
အညှီအ​ဟောက်​နဲ့​ ပေါင်းရသူမို့
ည​ညတွေ..... ပင်​လယ်​ပြာရဲ့ခန္ဓာ​ပေါ်
ပိုက်​ကွန်​​တွေ လွှားလွှားခြုံ​ပေးခဲ့ရတယ်​...။

လောင်းသ​လောက်​မပြည့်​တဲ့ လောဘ​တွင်းမှာ
ချွေး​တွေဟာ....​ရေညှိ​​တက်
ဆားငံတဲ့ ပင်​လယ်​ထဲ
ခွန်​အား​တွေ​ အရေညှစ်​ခံရတိုင်း
လွမ်းအား​တွေ ယူပစ်​သလို​ ပျောက်​လိုက်​ချင်​တာက
အ​မေ့အိမ်​ကို​လေ............။

မနူးမညံ့၊မလှမပနဲ့ ဂျုံးဂျုံးကြ အိမ်​လွမ်းစိတ်​​က
ခန္ဓာရဲ့ရှိသမျှ ဂလိုင်​​ပေါက်​​က​နေ
မျက်​ရည်​အဖြစ် သန္ဓေတည်...
ဘဝ​သေ​နေတဲ့ စက်​ခန်း​ထဲ
အစွယ်​​ငေါ​ငေါ ရမ္မက်​သခင်​​တွေ​ရှေ့မှာ
အလွမ်း​တွေကို ကားလိပ်​ချခဲ့ရတာချည်း........။

ဧည့်​သာရှိ ဧည့်​ကြိုမရှိတဲ့ ပင်​လယ်​မှာ
သ​ဘောင်္ဝမ်းဗိုက်​ဟာ ကျွန်​​တော့်​ အကျဉ်း​ထောင်
လူလုံးမလှလို့ ကိုယ်​လွတ်​ရုန်းချင်​​ပေမယ့်
အသိုက်​အမြုံ​လေး မတ်​ဖို့အ​ရေး
အ​ဝေးက​နေ တာဝန်​​ကျေ​ပေးချင်​မိတယ်​...

ရုပ်​နာမ်​နှစ်​ပါးကို နားချ
အိမ်​လွမ်းစိတ်​ကို ရိုက်​ချ
အောင့်​သက်​သက်​ ရင်​နာမှု​ကြား

ကျွန်​​တော်​​လေ......

အ​မေ့အိမ်​​ပေါ်ကို စိတ်​နဲ့ ခြေလှမ်းလှမ်းတင်​​နေမိတယ်
ခြေကျိုးနေတဲ့ လိပ်လို အမေ့အိမ် ရှိရာကို
စိတ်နဲ့ အပြေးအလွှား သွား​နေမိတယ်
မျက်ရည်ကို သိမ်းယူ
ချွေးစကို သုတ်​ယူ​ ပေးမယ့်
မွေးရပ်မြေက ပုဝါပါး တစ်​ထည်​ကို
သ​ဘောင်္ဝမ်းဗိုက်​ အကျဉ်း​ထောင်​ထဲက​နေ
ကျွန်​​တော်​ လှမ်းလှမ်းယူ​နေမိတယ်​............။

နွန်း



အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now