"တစ်​သက်​သာ ပြကွက်​များ" 

66 7 1
                                    

ရေစီး​ရေလာ​မ​ကောင်းဘူးအမှိုက်​​သရိုက်​တွေက လာမင်းမူ​နေတယ်​​မြောင်းပုပ်​မှာ၊ကြွက်​ပုပ်​ကတစီစီ၊ယင်​ကတဝီဝီနဲ့အစာနင်​စရာ​ကောင်းတဲ့​လေထု​ကြောင့်​လည်​​ချောင်းဝ ထမင်းလုတ်​ကမြိုမကျတဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရေစီး​ရေလာ​မ​ကောင်းဘူး
အမှိုက်​​သရိုက်​တွေက လာမင်းမူ​နေတယ်
မြောင်းပုပ်​မှာ၊ကြွက်​ပုပ်​ကတစီစီ၊ယင်​ကတဝီဝီနဲ့
အစာနင်​စရာ​ကောင်းတဲ့​လေထု​ကြောင့်
လည်​​ချောင်းဝ ထမင်းလုတ်​ကမြိုမကျတဲ့...၊
ရှင်​သန်​​နေထိုင်​ အသက်​ရှင်​ခြင်းကိုက
ဘေးထွက်​ဆိုးကျိုးဖြစ်​​စေတဲ့ဘဝ.....။

ဘောလော​မြော​နေတဲ့...ပဲ့တဲ့တဲ့အလုပ်​​ကြောင့်
ငတ်​ကြီးကျ ဖွတ်​မင်း​နောင်​ဘဝကနီးစပ်​လာပြီ

မွဲ​ခြောက်​​နေတဲ့ဓနိတဲ​လေး​ဘေးက
လွှားလွှားတက်​လာတဲ့မီးခိုး​ငွေ့​တွေ.....
ဆေး​ရောင်​တကူးတကမလို....
ထင်းမီး​ကြောင့်​အ​ရောင်​​တောက်​​နေတဲ့
မဲညစ်​ညစ်​ထမင်းအိုးက....
ဒေါသပုန်​ကြီးစွာနဲ့ တပွတ်​ပွတ်​ဆူလို့
ဝမ်း​ရေးကို​ဖြေရှင်း​ပေး​တော့မယ်..။

ညစ်​​ထေး​ထေးက​လေးတစ်​သိုက်​ရဲ့
အော်​ဟစ်​​ဆော့ကစားမြူးတူးသံ​တွေ​ကြောင့်
ချောင်​ကြို​ချောင်​ကြားရပ်​ကွက်​စရိုက်​​အထာက..
ပြန်​လည်​ကာဦး​ကြော့လာကြပြီ.....
အပီပြင်​ဆုံးသူတို့​လေး​တွေရဲ့လွတ်​လပ်​မှု​က
ပညာမသင်​ရလည်း​ပျော်​ရွှင်​​နေတဲ့ဘဝ​လေ....

သန်း​ခြောက်​ဆယ်​လူထုကြီးထဲက
မခမ်းနားတဲ့လူတစ်​ချို့ရဲ့ဘဝ
ချမပြတော့အ​မှောင်​​တွေက
တဖြည်းဖြည်းဖုံးလာတယ်​....
အကုန်​လုံးက ​လောကဓံရဲ့
အဓိကသရုပ်​​ဆောင်​​တွေမို့...
သရုပ်​မ​ဆောင်​လည်း..
ဘဝက...ပီပြင်​လွန်းတဲ့မြင်​ကွင်း
အကယ်​ဒမီ​ပေးစရာမလိုဘူး​လေ....။

တစ်​​ယောက်​ဆင်းတစ်​​ယောက်​တက်​နဲ့
ဆွယ်​မိဆွယ်​ရာ...​ဟောမိ​ဟောရာ
ပြောသွားကြတာ....သရဲစီးသလိုဘီလူးစီးသလို​ပေါ့
လက်​ခုပ်​သံတ​ဖြောင်း​ဖြောင်းတီး​နေပေမယ့်
သန်း​ခြောက်​ဆယ်​ဘဝထဲကတစ်​ချို့လူ​တွေ
ပြောခွင့်​မရတဲ့ဘဝ​နဲ့ရှိ​နေ​သေးတယ်
အ​သေရရ...အရှင်​ရရ​နေ့​ထဲ
ပြည်​သူ​တွေသက်​သာတဲ့ဒုက္ခကို
စိတ်​ကြိုက်​​ရွေးရတယ်​....

သြော်​....သန်း​ခြောက်​ဆယ်​​သောပြည်​သူ​တွေ​...။

နွန်း
7.3.2017












အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now