အမုန်းဘုရင်​ရဲ့အလိုကျ

234 13 0
                                    

ရက်​စက်​တက်​တဲ့​နေရာမှာအရှင်​သခင်​မရယ်​လို့ငါ့နှလုံးသားက​နေ မင်းကိုသရဖူ​ဆောင်း​ပေးလိုက်​ပါပြီငါဟာ လည်းလူသားတစ်​​ယောက်​​ပေမို့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရက်​စက်​တက်​တဲ့​နေရာမှာ
အရှင်​သခင်​မရယ်​လို့
ငါ့နှလုံးသားက​နေ မင်းကို
သရဖူ​ဆောင်း​ပေးလိုက်​ပါပြီ
ငါဟာ လည်း
လူသားတစ်​​ယောက်​​ပေမို့..
မင်းကနာကျင်​စရာ​တွေ
ရက်​ရက်​​ရော​ရော​ပေးလာတဲ့အခါ

ငါ့မှာလည်းရင်​နာစရာ​တွေက
ပိုပိုသာသာ ဖြစ်​ခဲ့တာ​ပေါ့

ငါငိုချင်​တယ်​  ဒါ​ပေမယ့်
မင်းကို​တော့ကြိုးစားပြီးပြုံးပြမယ်​...

ငါနာကျင်​​နေတယ်​ ဒါ​ပေမယ့်
ကြိုးစားပြီး ဖုံးဖိထားမယ်​...

ခု​တော့အရာအားလုံးက
မင်းစိတ်​ကြိုက်​ဖြစ်​မှာမို့
အမုန်းဘုရင်​မရဲ့
ကွေးညွတ်​ညွတ်​အပြုံးထက်​မှာ
ငါ့နှလုံးသားကိုလိုသလိုသာပြုပါ..
လဲကျလည်းပြန်​ထ​ပေးမှာမို့...
ငါ့နှလုံးသားကိုစိတ်​ကြိုက်​ကစားစမ်း
အမျက်​အမုန်း​တွေသင်​ပုန်း​ကြေမယ်​ဆို..
မင်းလက်​ထဲမှာ
ပျော်​​ပျော်​ကြီးစ​တေးလို့​ပေးတယ်​..
အမုန်းဘုရင်​မရယ်​...
ပြုံး​တော်​မူ...

(နွယ်​..fic)

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now