အထူးဆုရခဲ့တဲ့ကဗျာလေးပါ...
ဘဝနဲ့သက်ဆိုင်တဲ့အကြောင်းအရာပဲလို့ချပေးပြီး
နှစ်သက်ရာခေါင်းစဉ်အောက်မှာ နှစ်သက်ရာကဗျာ
အမျိုးအစားနဲ့ယှဉ်ပြိုင်စေခဲ့တာပါ
မော်ဒန်ကဗျာအမျိုးအစား"သိက္ခာကို အရောင်တင်ခြင်း"
ဖက်ဖူးရောင်ထနေတဲ့ လမ်းမက
နေမင်းရဲ့မညှာမတာ
အလင်း လွှင့်ချက်ကြောင့်
သပိတ်ရောင် ထနေပြီ
လမ်းပေါ်မှာ ဖိနပ်စီးဥပဒေ
ထုတ်ထားပေမယ့်....
ကျွန်တော်ဟာ...ခြေဗလာနဲ့..။တစ်ခါတစ်ရံမှာ
မတတ်သာတဲ့ အခြေနေကြောင့်
ဥပဒေကို မလိုလားသူ မဟုတ်ပေမယ့်
ဆန့်ကျင်တဲ့သူတော့ ဖြစ်မိသွားတယ်
ကျွန်တော် မညာချင်ဘူးလေ....
ချောင်ပိတ်မိနေတဲ့
ဝမ်းတစ်ထွာ ပြဿနာကြောင့်
ဖိနပ်စီးရမယ်ဆိုတဲ့ ဥပဒေကို
တစ်ခဏတော့ လစ်လျုရှုရမယ်။ဖိနပ်လား........
စီးချင်တာပေါ့ဗျာ.......
ဒါမယ့်...ကျွန်တော့်ဘဝမှာ
ဖိနပ်ကောင်း တစ်ရံမရှိခဲ့သလို
မကောင်းတဲ့ ဖိနပ်ကိုလည်း
ကျွန်တော် ကောင်းကောင်း မစီးခဲ့ရဘူး.....။ကျွန်တော့်ကို....ရိုးသားတယ်လို့မထင်ဘူးလား....။
ကျွန်တော်...အဲ့ဒီလို..အမြဲရိုးသားနိုင်ပါ့မလား......။
အရာရာ..... ရိုးသားခဲ့ပြီး ကာမှလေ.....။
"ဟော...ရှေ့မှာ ဖိနပ်လေးတစ်ရံ"
ကမူးရှူးတိုး ပြေးဝင်လာတဲ့
ဖိနပ် တစ်ရံကြောင့်
သန့်စင်ပြီးစ ရိုးသားမှုက
လဲမှိုပွင့်လို လွင့်ထွက်သွားတယ်။ဘယ်သူသိတာမှတ်လို့....။
ကျွတ်ထွက်သွားတဲ့ ဘီးလို၊
မိုင်ကုန် ရွက်ကုန် ဖွင့်ရင်း
လိုချင် ရမ္မက် ဇောအရှိန်က
ရိုးသားမှု အနုအရင့်တွေ ကြား
ချွေးသီး ချွေးပေါက်တွေနဲ့ အပြိုင်
တင်းချည် ၊ လျော့ချည် တစ်လှည့်နဲ့
လွန်ဆွဲကာ ခုတ်မောင်း နေလေရဲ့......။ဒီနေ့......။
ဒီနေ့......။ဒီနေ့မှာ....
ကျွန်တော့် အကြည့်တွေက
ကျွန်တော့် ကိုယ်ကျင့်တရားကို...
လုံခြုံမှု မပေးနိုင်တော့ဘူး....။
မရိုးသားတဲ့ အကြည့်တွေထဲမှာ
ကျွန်တော့် သိက္ခာ လုံခြုံစေခဲ့မယ်ဆိုရင်....ဟင့်အင်း.....။
မဖြစ်ဘူး...မဖြစ်ဘူး....။ကျွန်တော့် အကြည့်တွေ အရိုင်းမဆန်မိဖို့
ကျွန်တော့် စိတ်တွေ မရိုင်းစိုင်းမိဖို့..
ကျွန်တော့်ရဲ့ လိုချင်တပ်မင်စိတ်ကို
ကျွန်တော့် ကိုယ်ကျင့်တရားနဲ့
ခပ်ကြမ်းကြမ်း ဖုံးပစ်လိုက်တယ်...။ကျွန်တော့် ဝမ်းတစ်ထွာအတွက်...
ကျွန်တော့်ဘဝကို ၊
ကိုယ်ကျင့်တရားတွေ သိက္ခာတွေပိုက်ရင်း
ကျောင်းရအုံးမယ်လေ....။လွင့်ထွက်သွားတဲ့
ကိုယ်ကျင့်တရားကို ပြန်ဖမ်း....။
လူသားဆန်ဆန် ၊ လူသားဝါဒနဲ့
ကျွန်တော့်ရိုးသားမှုတွေကို
တစ်ရောင်တည်း ခြယ်သပစ်လိုက်တယ်အနု ၊ အရင့်တွေ မရှိတော့တဲ့
ကိုယ်ကျင့်တရားမှာ
ကျွန်တော့်ကိုယ်....ကျွန်တော်
ဂုဏ်ပြုသံ တွေကို ........
အတိုင်းသား ကြားရတယ်...။ကိုယ်ကျင့်တရားရော ၊ သိက္ခာရော
ဝမ်းတစ်ထွာအိတ်ထဲ ကောက်ထည့်ရင်း
အော်နေကျအတိုင်း
ကျွန်တော်...အော်ပစ်လိုက်တယ်...။"အစ်ကိုကြီး၊ အစ်မကြီးတို့ရေ...
ထမင်းဖိုးလေးများ...သနားပါ....
ရေဘူးစုတ်လေးများ ရှိရင်......
အပေါ်ထပ်ကနေ ပစ်ချပေးကြပါ...." လို့လေ...။အဲ့ဒီအသံဟာ အရင်နေ့တွေကထက်
ပိုပြီးကျယ်လောင်နေခဲ့တယ်....။နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...