နိယာမ ရစ်​သန်

105 6 2
                                    

မုသားတွေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မုသားတွေ..ကမ္ဘာကို
နှစ်ပတ် ပတ်ပြီးချိန်
အမှန်တရားကအခုမှ
လမ်းလျှောက်သင်တုန်း

ကောင်းကွာ...!!
လောကကြီးရာ!!

အခုလည်းကြည့်
မင်းမျက်နှာပြင်ပေါ်
ထုဆစ်ထားတာမှန်သမျှ
အမှန်တရားထက်
မုသားမြောက်လက်ရာတွေချည်းပဲလေ

မင်းကိုယ်ပေါ်မှာလည်း
မရိုးသားမှုတွေရုပ်လုံးကြွလို့
မင်းကျောပေါ်မှာတောင်
မမျှတခြင်းရဲ့အမာရွတ်တွေက
အစင်းလိုက် အစင်းလိုက်နဲ့လေ

30.7.2016

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now