မကြင်​နာသူသို့.....

54 5 1
                                    

နတ်​မုန်းတဲ့​တေးကိုဆိုမိလို့အချစ်​မုန်းတဲ့​တေး ကိုနားဆင်​ခိုင်းတာလား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နတ်​မုန်းတဲ့​တေးကိုဆိုမိလို့
အချစ်​မုန်းတဲ့​တေး ကို
နားဆင်​ခိုင်းတာလား...
ရက်​စက်​ပါ့အရှင်​....

အမျက်​​ဖြေလင်္ကာ​လေး​ရေး
အရှင့်​ထံဆက်​သဖို့
ပျက်​ခဲ့ရတဲ့စာချိုးက
အချစ်​​ပေလွှာစာရွက်​မှာ
တစ်​ရွက်​နှစ်​ရွက်​ မကရယ်​ပါ။

ကြယ်​​တွေ​ကြွေတိုင်း
သိ​စေချင်​ပေမယ့်
ချစ်​ခြင်းအတိမ်​အနက်​က
ရင်​ခွင်​ဗလာနဲ့
အတိုင်းခံရတယ်​....

ဗလာမှာ အဆံက​ချောင်
အစာမပါတဲ့ ရင်​ခွင်​က
ဆားမပါ....
အချစ်​က​ပေါ့တယ်​တဲ့...

နွမ်း..ကြွေချင်​..​သူမကြင်​လို့...
ယိမ်းယိုင်​ကာအ​ဖော်​ကွဲ
တွဲထူသူ ရှာတော့...

ကြယ်​​​သာ​ကြွေတယ်
ချစ်​သူ မသိတယ်
ငါ့မျက်​ရည်​ပင်​လယ်​ကြီး

ရင်​ဝမှာ..
ဗြောစည်​ကြီးတီး.....။

2.3.2017
နွန်း

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now