"မချို​သောအတ္တမဲ့ကာရန်​ "

69 3 1
                                    

(ကလောင်သစ်တို့ပျော်စံရာ  gp၏
ပထမအကြိမ်  မန်ဘာဖိတ်​ခေါ်​မော်​ဒန်​ကဗျာသီးသန့့်​ပြိုင်ပွဲတွင်​ စကာတင်​​ ​ရွေးချယ်​ခြင်းခံခဲ့ရသည့်​ 
ကဗျာ​လေးတစ်​ပုဒ်​...)

"မချိုသောအတ္တမဲ့ကာရံ"

အတိတ်ရဲ့စာမျက်နှာမှာ
သမိုင်းဟာ တကြော့ပြန်လည်လာလို့
နေရာတကာမှာ အဟောင်းအသစ်တွေနဲ့
လူတကာပါးစပ်တွေက
ဗလောင်းဗလဲတွေဟစ်လာတယ်။

အနေအစားချောင်ဖို့အရေး
သစ္စာတရားကိုဖင်ခုထိုင်
အမှန်တရားကိုခြေသုတ်ခုံတင်ပြီး
အတ္တတရားကို ခါတောင်းကျိုက်လို့
မျက်စိကိုစုံမှိတ်....
မျက်မမြင် နားကန်းတစ်ယောက်လို
ခေါင်းညိမ့်ခေါင်းခါနဲ့
အို...ရိုင်းပျသောအမူရာတွေ
ခုတလော...မျက်မှောက်မှာ
ခေတ်စားလာတယ်လေ။

မြှားတံကပန်းပွင့်ဖို့မဟုတ်ဘူး
ပစ်မှတ်ကိုမထိသေးလို့
စစ်ပွဲတွေမရပ်ပါဘူးတဲ့
အတ္တတရားကို​ ငွေရည်​သွန်း
မတရား​စစ်​ကို ​​ဖော်​​ဆောင်​လို့
ငြိမ်းချမ်းရေးချိုးဖြူငှက်တောင်
လက်နဲ့တို့ထိ ထိကရုံးရွက်လေးလို
မျက်နှာလေးညိုးလျ ငိုက်ကျသွားတယ်။

လူတွေလူတွေ...
အတ္တကို​ရှေ့တန်းတင်
မယောင်ရာဆီလူး
တွေဝေကောင်းနေတုန်း၊
တိုင်းပြည်ကသိုက်တူးခံရတော့
အလုပ်အကိုင်က ရွှေထက်ရှားလာတယ်
လျောက်တဲ့လမ်းတွေက
ရှည်လျားသလောက်
ဘဝတွေကတိုလာကြတယ်
လမ်းတွေကဖြောင့်သလောက်
အတွင်းစိတ်ကောက်လာကြတယ်။

အမည်နာမတစ်ခု
ကိုယ့်သမိုင်းမှာ စွဲကျန်ရစ်အောင်
မှတ်ကျောက်တင် ရေးထိုးနိုင်မယ့်
ကလောင်ကိုင်တဲ့
သူရဲကောင်းတွေဟာလည်း
အတ္တနဲ့တစ်​သားတည်း
ရော​ထွေး​စေးပြစ်​သွားချိန်
များလှတဲ့စာရွက်ဖြူတွေကြား
ရေးသူမဲ့ရှားပါလာကြတယ်။

နွန်း
(ကိုယ်​တိုင်​​တွေး၊ကိုယ်​တိုင်​​ရေးသည်​။)

ကဗျာgpထဲက...ပြိုင်​ပွဲဝင်​​တွေထဲမှာ ကိုယ့်​ထက်​ပညာရည်​ပြည့်​ဝကြတဲ့ အစ်​ကို​တွေအစ်​မ​တွေ ဆရာ​တွေဆရာမ​တွေ အများကြီးရှိကြပါတယ်​..
အဲ့ဒီထဲမှာမှ အမှတ်​​ပေးadim​တွေရဲ့အကြိုက်​ဆုံး
စကာတင်​ အပုဒ်​၃၀မှာ နွန်း ကဗျာ​လေးပါဝင်​ခွင့်​ရခဲ့လို့
ဝမ်းသာ​ပျော်​ရွှင်​ခဲ့ရတယ်​။ဒီတစ်​​ခေါက်​ပြိုင်​ပွဲမှာ
ဆုနဲ့လွဲခဲ့​ရပေမယ့်​....အ​ကောင်းဆုံးစကာတင်​ဆိုတဲ့
အဆင့်​ထဲ ကဗျာ​လေးပါဝင်​ခဲ့လို့ ဆုရသလိုပါပဲ
ပျော်​မိတယ်​.......

ဒီကဗျာ​လေးကလည်း​ရှေ့မှာတင်​ခဲ့ဖူးတဲ့ကဗျာ​ဟောင်း​လေးပါပဲ......အတ္တနဲ့ငြိစွန်းရမယ့်​ကဗျာဖြစ်​ရမယ်​ဆိုတဲ့
အတွက်​....ကိုယ်​တိုင်​စိတ်​ကြိုက်​ဒီကဗျာ​လေးကို​ရွေးချယ်​ခဲ့ပြီး လိုတဲ့​နေရာ​တွေမှာ စာသား​တွေထပ်​ဖြည့်
လိုသလိုဗားရှင်း​ပြောင်းပြီး​ရေးခဲ့တာပါ........
ဘာပဲ​ပြော​ပြောကြိုးစားမှု​တွေအလကားမဖြစ်​ခဲ့ပဲ
စကာတင်​ဝင်​ခဲ့တဲ့အတွက်​ဝမ်းသာမိပါတယ်​...

အခုလက်​ရှိမှာလည်း နွန်း ပြိုင်​ပွဲဝင်​ထားတဲ့ကဗျာ
လေး​တွေရှိ​နေပါ​သေးတယ်​....ဆုရရ မရရ....
ပြိုင်​ပွဲဝင်​ကဗျာ​လေး​တွေကို နွန်း...ဒီwpမှာပဲ
ပြိုင်​ပွဲဝင်​ကဗျာများလို့သီးသန့်​စာအုပ်​​လေးတစ်​အုပ်
လုပ်​ပြီး စာဖတ်​သူ​တွေကိုပြန်​​လည်​ဝေမျှချင်​ပါတယ်​...
နွန်းရဲ့ပြိုင်​ပွဲဝင်​ကဗျာ​လေး​တွေကိုဖတ်​​ပေးကြမှာလား
ဟင်​....မျက်​စိ​တွေများ​နောက်​​နေမလားမသိဘူး...
တကယ်​လို့မျက်​စိ​တွေ​နောက်​ခဲ့ရင်​လည်း
နွန်း ကိုခွင့်​လွတ်​ကြပါလို့.....။

စာဖတ်​သူများကို ထာဝရ​လေးစားလျက်​.......။

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now