"သတိရခြင်း ဓာတ်ခံ"

100 5 3
                                    

ပင်လယ်နှုတ်ခမ်းစပ်နဲ့တူတဲ့နင့်ရင်ခွင်ဟာအချစ်ဆိုတာ တိမ်တိမ်လေးပဲရှိခဲ့တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပင်လယ်နှုတ်ခမ်းစပ်နဲ့တူတဲ့နင့်ရင်ခွင်ဟာ
အချစ်ဆိုတာ တိမ်တိမ်လေးပဲရှိခဲ့တာ..
နင့်ရင်ခွင်ထဲကိုငါလက်ပစ်ကူးကြည့်မှသိတော့တယ်
ငါ့အတွက်..နင့်အချစ်တွေကမနက်ရှိုင်းခဲ့ဘူးလေ
ငါဆာလောင်တိုင်း..နင့်ရင်ခွင်ကိုရေတွင်းလို
သတ်မှတ်ပြီး..အချစ်တွေကိုခပ်သောက်ချင်တာ

ဒါပေမယ့်..
အချိန်မတန်ခင် ခမ်းခြောက်သွားတဲ့နင့်အချစ်က
ကြွေရွက်ဝါလေးတစ်ရွက်လိုပဲ
လွယ်လွယ်ကူကူကြွေကျသွားတယ်။
တစ်ဦးရင်ငွေ့ကို တစ်ဦးကခိုလှုံဖို့၊
တစ်ဦးကထွက်သွားရလောက်အောင်
ငါတို့အနွေးဓာတ်က တစ်ဦးပေါ်တစ်ဦး
မပြည့်ဝခဲ့ဘူးပဲ။

ကြယ်ပွင့်လေးကလည်းသူ့ကောင်းကင်နဲ့သူ
ငှက်ကလေးကလည်းသူ့သစ်ကိုင်းနဲ့သူ
ငါတို့နှစ်ယောက်ကလည်း..ယုံကြည်ရာ
ကိုယ့်ရင်ခွင်နဲ့ကိုယ်မို့...

နှလုံးသားတွေအထိုင်မကျခင်အချိန်ထိ
ငါတို့တွေမငိုမိအောင် ဟန်ဆောင်နေကြမယ်လေ။
.
.
.
.
13.9.2016
Kim Suho Love

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now