"ကွဲ​ကြေသွား​သော..ရင်​ခွင်​ငယ်​"

68 7 1
                                    

ရင်​ခွင်​ထဲက နှလုံးသားငယ်​ကိုအတင်းဆွဲထုတ်​ ခံလိုက်​ရ​တော့နှလုံးသားငယ်​ရဲ့ဆို့နစ်​သံ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရင်​ခွင်​ထဲက နှလုံးသားငယ်​ကို
အတင်းဆွဲထုတ်​ ခံလိုက်​ရ​တော့
နှလုံးသားငယ်​ရဲ့ဆို့နစ်​သံ။

အမြဲအတူတူရှိခဲ့ကြ​တော့
ရင်​ခွင်​ဟာ သူ့ရင်​ကိုပြန်​ခွဲပြီး
နှလုံးသားငယ်​ကို
လက်​ကမ်းလင့်​​နေခဲ့တယ်​။

မလုံတဝက်​လုံတဝက်​နဲ့
ဒဏ်​ရာကိုဖုံးရင်း
ကစဉ့်​ကလျား ပြိုကွဲ​နေပုံက
နှလုံးသားငယ်​မှာ..
မမြင်​ရက်​စရာ...

ရင်​ခွင်​ကိုပြန်​ပိတ်
ချောင်​မှာအသံတိတ်​ရင်း
တစ်​​ပေါက်​ချင်း
ညှစ်​လို့ကျလာတဲ့
မျက်​ရည်​​ကိုကြည့်​ပြီး......
အော်​လိုက်​မိတယ်​....

"..အား.."

ရင်​ခွင်​ရဲ့ မချိတင်​ကဲအသံ​လေ။

နွန်း
14.2.2017

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now