"ရုပ်သေးရုပ်များ"

68 4 2
                                    

တစ်ခါတစ်လေကျ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တစ်ခါတစ်လေကျ...
ဘဝဟာစစ်မြေပြင် မဟုတ်လို့
လျှောက်နေတဲ့ခရီးလမ်းမှာ
လောကဓံနဲ့ စီးချင်းထိုးခွင့်မရှိဘူးတဲ့

စစ်မြေပြင်မဟုတ်တဲ့ လမ်းခရီးမှာ
ခယောင်းလမ်းတွေနဲ့အသားကျဖို့ကျ၊
အလံဖြူပြ အရှူံးပေးနေတာတောင်
ကြိမ်ဖန်များစွာလေ့ကျင့်ပေးနေတယ်ဆိုတဲ့
မျက်ရည်တွေနဲ့ စီးချင်းထိုးနေရတယ်

မော့ကြည့်လိုက်တိုင်း
အပေါ်စီးကနေဆွဲတင်ပေးမယ့်
ကံကြမ္မာရဲ့...လက်တစ်စုံကိုတော့
လမ်းခရီးမှာ လိုအပ်ကြတာကြီးပဲ

လောကဓံကသာ အကျပ်မကိုင်ပဲ
ကံကြမ္မာရဲ့လက်ကို တစ်ခါလောက်သာ
ဖြေလျော့ပေးခဲ့မယ်ဆိုရင်...
မျက်ရည်နဲ့စီးချင်းထိုးသူတွေဟာ
အားမတန်လို့မာန်လျော့စရာမလိုတဲ့အတွက်
တစ်ကြိမ်လောက်တော့ သူတို့ဘဝမှာ
သူရဲကောင်းတွေဖြစ်ခွင့်ရှိခဲ့ကြမှာပါ

10.12.2016
Noon

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now