"အသားမာ တက်​​နေတဲ့ဘဝ"

56 3 3
                                    



လက်​တစ်​ဖက်​မှာဆွဲထားတဲ့ စလယ်​ဝင်​အိုး​ကြောင့်​မနက်​ခင်းတိုင်းမှာ သူ့အတ္တ​​တွေကို​တောပြုန်းပစ်​ခဲ့ရတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လက်​တစ်​ဖက်​မှာဆွဲထားတဲ့ စလယ်​ဝင်​အိုး​ကြောင့်
မနက်​ခင်းတိုင်းမှာ သူ့အတ္တ​​တွေကို
တောပြုန်းပစ်​ခဲ့ရတယ်​.....။

ညှော်​​စော်​နံ​နေတဲ့၂၄နာရီထဲ
မိတ္တူပွား ပါးစပ်​​ပေါက်​​တွေ ပြုံးနိုင်​ဖို့
ဇရာဆိုတဲ့အရာကိုလည်း
မနက်​စာ ညစာ အဖြစ်​ ခွဲ​ဝေ​ကျွေးခဲ့ရတယ်​.....။

နွေမိုး​ဆောင်း ​ခေါင်​လုံ​တဲ့အိမ်​​တစ်​လုံးဖြစ်​ဖို့
ချပ်​ဝတ်​တန်​ဆာ အပြည့်​အစုံနဲ့​ 
ရောက်​​ရောက်​လာတဲ့​ ဒုက္ခ​တွေကို
အသံမထွက်​ပဲ တစ်​​ယောက်​ထဲမြည်း.....။

သောကဖွဲမီးတ​ငွေ့​ငွေ့ကို ခါးကြားထိုးရင်း
အ​ခေါ်အ​ပြောညက်​​ညောတဲ့ နာရီသံ​တွေ​အောက်​မှာ
ဂရုဏာ စွန့်​လွှတ်​မှု အပြည့်​နဲ့
မိသားစုကို .......အ​ကောင်းဆုံး ယုယပြခဲ့တယ်​.....။

နွန်း
6.4.18






အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now