"မျက်နှာဖုံးရဲ့..ကျဆုံးခန်း"

81 5 1
                                    

အရက်သောက်ပြီးမှ သူတော်ကောင်းယောင်ဆောင်မယ်ပေါ့ဖဲရိုက်ပြီးမှ မြင်ကောင်းအောင်တရားထိုင်မယ်ပေါ့ဆဲဆိုပြီးမှ ငါဟာလူ့ယဉ်ကျေးပေါ့

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

အရက်သောက်ပြီးမှ သူတော်ကောင်းယောင်ဆောင်မယ်ပေါ့
ဖဲရိုက်ပြီးမှ မြင်ကောင်းအောင်တရားထိုင်မယ်ပေါ့
ဆဲဆိုပြီးမှ ငါဟာလူ့ယဉ်ကျေးပေါ့

လူ့မနော လိုက်မမှီတဲ့မျက်နှာဖုံးနဲ့
လူ့အသော ပြောမကုန်တဲ့လိမ်ညာစကားတွေကို
မျက်နှာမှာလည်းခြယ် စိတ်အရောင်ကိုလည်းခြယ်

အရောင်မတူမျက်နှာဖုံးနဲ့လောကဇာတ်ခုံပေါ်
ကကွက်တွေပိုင်နိုင်ခဲ့တော့ လူစွမ်းကောင်းကြီးပေါ့

ခြယ်သစရာမှင်ခြောက်လို့အတ္တတွေဘုံပျောက်တဲ့အခါ
တစ်ချိန်ကစွမ်းခဲ့တဲ့မျက်နှာဖုံးကသောကပင်လယ်ထဲ
အကြိမ်ကြိမ်ဆွဲချလို့ ဘဝဆိုတာလေပွေလိုပဲ
ရုတ်ချည်းကြမ်းတမ်းသွားခဲ့တယ်။
.
.
.
.
.
15.9.2016
Kim Suho Love

အ​တွေး၊စိတ်​ကူးကဗျာများOnde histórias criam vida. Descubra agora