ကြယ်​က​လေး၏လွမ်းချင်း

183 14 2
                                    

ညအ​မှောင်​မှာ
လ​ရောင်​ကြိုးနဲ့ရှုပ်​​နေတဲ့
ကြယ်​တစ်​လုံးက
အချစ်​ဆာ​နေတဲ့
ကောင်​မ​လေးဆီ
ကြွေဆင်းခွင့်​မရခဲ့ဘူး
အခွင့်​အခါမသာခဲ့​ပေမယ့်
လေသင့်​ရာမှာ
ငါ့သတိရခြင်း​တွေက
မွှေးလို့​နေပါတယ်
တ​ရွေ့​ရွေ့ ​စောင့်​​မျှော်​​ခဲ့ရတဲ့
ရက်​ရှည်​​တွေက...
တရိရိနဲ့လွမ်းဆွတ်​နာကျ​လေတော
တသဲသဲ ရွာ​နေတဲ့မိုးရေစက်​ထဲမှာ
ကြယ်​​လေးတစ်​ပွင့်​က​တော့
ပြန်​မလာနိုင်​ လမ်း​ပျောက်​​နေရှာသည်

(နွယ်​..fic)

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now