"အရိုးရှင်းဆုံး...ချစ်ခြင်း"

84 7 2
                                    

ငါ့အတွက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငါ့အတွက်....
အိမ်မက်ကခပ်မြန်မြန်နိုးထဖို့
နင်ဟာ...
အဖြူရောင်အလင်းတန်းလေး
ဖြစ်ပေးလို့မရဘူးလား....
နင်ဖြာကျမယ့်...အဖြူရောင်ချစ်ခြင်းမှာ
သံယောဇဉ်မီးအိမ်တစ်လုံးနဲ့
သစ္စာတရားနဲ့ချိတ်ပိတ်ထားတဲ့
ပန်းချီကားလေးတစ်ချပ်ကို
နင်က..ငါ့အတွက် လက်ဆောင်ပေးခဲ့လေ...

ငါကတော့...နင့်အတွက်
မျှော်လင့်ခြင်း ပြတင်းပေါက်မှာ
စာနာနားလည်တဲ့အပြုံးပန်းပွင့်တွေနဲ့
နင့်နှလုံးသားကိုဖမ်းဆုပ်ဖို့
ငါ့ရဲ့လက်ဖဝါးတွေ လှစ်ဟပေးထားတယ်...
နူးညံ့တဲ့လေပြေအသွင်နဲ့
နင်...ဝင်လာခဲ့လေ

နောက်ဆုံးမှာ...
နင်နဲ့ငါနဲ့ အချစ်နိဂုံးဟာ
အတ္တကင်းတဲ့ချစ်ခြင်းတွေနဲ့
ရိုးရှင်းလွန်းတာကြောင့်....
မျက်ရည်အစား...ရယ်မောခြင်းတွေကပဲ
တည်မြဲမှုကိုပေးလိမ့်မယ်။

7.12.2016
Noon

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now