"​သွေး​ရောင်​လွှမ်းသော...​နေတစ်​စင်း"

83 4 3
                                    

ဥပ​ဒေကို​အောက်​​မေးရိုးလှုပ်​ဖို့အတွက်​အသုံးမချခဲ့တဲ့သူ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဥပ​ဒေကို​အောက်​​မေးရိုးလှုပ်​ဖို့အတွက်
အသုံးမချခဲ့တဲ့သူ....
အမှန်​တရားဥပ​ဒေကို​ဖော်​​ဆောင်​​နေတဲ့သူ.....
လောကမှာမှန်​တိုင်းမ​ကောင်းဘူးဆရာ....
မှန်​တဲ့သူ​တွေဟာ
အရင်​အသက်​တိုတက်​တယ်​ဆိုတာ
ဆရာမသိခဲ့​လေသလား။
ဒါမှမဟုတ်​သိသိရက်​နဲ့...ဆရာ
ရှေ့တိုးခဲ့​လေသလား။

တော်​တဲ့လူငယ်​​တွေကို​နေရာ​ပေး..
အမြင့်​ကိုလှမ်း​စေချင်​တဲ့သူ...
ပညာဂုဏ်​မ​မောက်
စကား​ပြောယဉ်​​ကျေးတဲ့သူ၊
ဆရာ့ပညာနဲ့ဆရာ့ရုံးခန်းဟာ
လိုက်​ဖက်​မှုမရှိ​အောင်ပဲ
သိမ်​ဖျင်းကျဉ်း​မြောင်းခဲ့တယ်​ဆရာ.....။

ပကာသန​တွေကိုမမက်​​မော
ဆရာ့လိုလူသားဆန်​တဲ့
လူတစ်​​ယောက်​ရဲ့ဘဝကို
ဘာသာ​ရေး၊လူမျိုးခွဲခြားရေးဆိုတဲ့
အစွန်း​ရောက်​မှိုင်း​​​တွေက
အားပြင်းပြင်းနဲ့ဝိုင်းတိုက်​ခဲ့ကြတာ....

ခု​တော့....

ဆရာ့ဘဝဟာပြာဖြစ်​ခဲ့ပြီ
ဆရာ့ပညာ​တွေအ​ငွေ့ဖြစ်​ခဲ့ရပြီ​...

ဆရာ့​သေဆုံးမှုမလှပခဲ့​ပေမယ့်​၊
ပြည်​သူ​တွေ ရင်​ထဲမှာ
စုတ်​တသပ်​သပ်​ဖြစ်​လို့....ယူကျုံးမရနဲ့၊
ဆရာဟာသူရဲ​ကောင်းပါလို့ သူတို့အံကြိတ်​ကာ
အခမ်းနားဆုံးကဗ္ဗည်းတင်​​နေကြပြီဆရာ။

အစွန်း​ရောက်​သူ​တွေများလာ​လေ
တိုင်းပြည်​ကအပြစ်​​ပေးခံရ​လေ​လေ...
ကိုယ်​ကျင့်​တရားကိုမကြည့်​ပဲ
အသား​ရောင်​ကိုကြည့်​ပြီးခွဲခြားတက်​တဲ့
အစွန်း​ရောက်​​တွေ​ကြောင့်
ဆရာ့မက်​​နေတဲ့အိမ်​မက်​သရဖူ
ကွဲ​ကြေခဲ့ရ​ပေါ့.....

အမှန်​တရားအတွက်​​၊
ဖြောင့်​မတ်​မှန်​ကန်​မှုအတွက်
ဆရာဟာ​သေမင်းတံတား​ပေါ်ကလူ
ဆိုတာ သတိမပြုမိခဲ့ဘူးထင်​ပါရဲ့

အခု​တော့.....

တိုင်းပြည်​အတွက်​...
မရပ်မနား​ပေးဆပ်​​ခဲ့တဲ့
အသားမာ​တက်​​နေတဲ့ဆရာ့ဦး​နှောက်​ကို....
ထာဝရ အနား​ပေးပြီး
ဆရာ့ကံကြမ္မာကို
သမိုင်းထဲမှာ​ထားခဲ့ပါ​တော့ဆရာ....
မနက်​ဖြန်​တိုင်းရဲ့အလင်းကို
ဆရာမထွန်းညှိနိုင်​​တော့​ပေမယ်

ပြည်​သူ​တွေရဲ့အိမ်​မက်​ကို
အတက်​ထွက်​​အောင်
ဆရာစွမ်း​ဆောင်​နိုင်​ခဲ့တယ်​။

ဆရာဟာ....အမှန်​တရားရဲ့....
ရှေ့​နေတစ်ဦးဆိုတာကို​တော့
အတိတ်​သမိုင်း​ကြောင်းမှာ
ဘယ်​လိုမှ​ဖျောက်​ဖျက်​လို့မ​ရတော့ပါဘူး။

သရဖူချိုးဖျက်​၊အစွန်း​ရောက်​တံ​တွေးစက်​​တွေ​ကြောင့်
ဆရာ့ဘဝအ​မှောင်​ကျခဲ့​ပေမယ့်
ဆရာ့သမိုင်းက​တော့​..​မငြိမ်းနိုင်​တဲ့ဖန်​မီးအိမ်​လို
ထာဝရတောက်​ပထွန်းလင်း​နေခဲ့ပါပြီဆရာ....။
.
.
.
ဆရာ့ကို​လေးစားဦးညွတ်​ပါတယ်
ဆရာ....​ကောင်းမွန်​ရာ​ရောက်​ပါ​စေ။

နွန်း
30.1.2017

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now