"နှစ်​ချို့အလွမ်း၏ ဒဏ်​ရာ"

78 2 0
                                    

မန့်​ ကဗျာပြိုင်​ပွဲမှာ အ​ကောင်းဆုံးဆု ရလာတဲ့ကဗျာ​လေးပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မန့်​ ကဗျာပြိုင်​ပွဲမှာ အ​ကောင်းဆုံးဆု ရလာတဲ့ကဗျာ​လေးပါ......
ပြိုင်​ပွဲက​ ချ​ပေးခဲ့တဲ့​ခေါင်းစဉ်​​အောက်​မှာဝင်​ပြိုင်​ခဲ့တာပါ
..........................................................

"နှစ်​ချို့အလွမ်း၏ ဒဏ်​ရာ"

မဟူရာဝတ်​ရုံနဲ့ ဂျိုကျိုးနားရွတ်​ပဲ့တဲ့ လက
ရေခဲရိုက်​ခံထားရတဲ့ငါးလို နာမ့်​​ကြော ဆွဲရင်း
နှစ်​ချို့​ဒဏ်​ရာ​တွေကို ရင်​ခွင်​ထဲ ဆွဲသွင်းလိုက်​တယ်​..။

သွေးမတိတ်​ မြစ်​ကို ဖြတ်​၊ ​အက်​ကွဲတဲ့ ဒဏ်ရာဟာ​​မသေသေးတဲ့ အလွမ်းအတွက်​ သံသရာကို နာကျည်း​၊
ရင်​ကွဲစ​တွေကို ​ဖောက်​ထုတ်​​နေပြန်​တယ်​...။

အလွတ်​ကျက်​ခဲ့တဲ့ ပုံရိပ်​​တွေ ဖျတ်​ခနဲ ကျကွဲသွားချိန်
သေစာ ရှင်​စာ ဖတ်​တက်​တဲ့ မျက်​အိမ်​ထဲ
အလွမ်း​တွေကို တိတ်​တိတ်​​လေး သာ​ပြန်​ခဲ့တယ်​..။

လ​ရောင်​ကို မ​တောင်းခံ ၊ အလွမ်းကိုဂျက်​ချ၊
တစ်​ခန်းထဲ အတူ​နေမိတဲ့ ညမှာ ​နှစ်​ချို့ဒဏ်​ရာ​တွေကို ဆေးဖက်​ဝင်​အဖြစ်​နဲ့ ငါ..ညတိုင်းမော့​​သောက်​ခဲ့မိတယ်​။

နွန်း
21.6.17

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now