"​ရွှေ​ရောင်​ အနာဂတ်​သို့"

76 3 1
                                    

ပြိုင်​ပွဲဝင်​ ဆုမရ ကဗျာ​လေးတစ်​ပုဒ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပြိုင်​ပွဲဝင်​ ဆုမရ ကဗျာ​လေးတစ်​ပုဒ်​...
ပေးထားတဲ့​ခေါင်းစဉ်​​အောက်​မှာဝင်​ပြိုင်​ခဲ့တာပါ
...................။...................။.................

"ရွှေရောင် အနာဂတ်သို့"

အို..!! ကမ္ဘာ​မြေ
အင်းဆက်​သတ္တဝါ​တွေရဲ့ဆာ​လောင်​မှုကို 
ပျော်​​ပျော်​ပါးပါး ချစ်​ရည်​လူး မြူး​စေခဲ့တာလား
နေမကွယ်​ နယ်​ပယ်​မှာ
ကိုင်းယံထက်​​ဖွေးတက်​လာမဲ့ အသက်​က​လေး​တွေကစီစီရီ
အချိန်​မှီ မပွင့်​ဖူးနိုင်​​အောင်
အန်​ဖို့ထားတဲ့ ဖက်​ခွက်​ထဲ
ပန်းတစ်​ပွင့်​စီရဲ့ ရှင်​သန်​မှု​တွေကို
အ​ရေခွံခွာချ ပစ်​လိုက်​ကြတယ်
သွေး​ရောင်​စို ကိုယ်​လုံးတီးနဲ့
ပန်း​လေး​တွေရဲ့ရင်​ကွဲမိုး​တွေ
အခုထိ မတိတ်​​သေးဘူး ကမ္ဘာ​မြေ....။
မနက်​ခင်းတိုင်း အိမ်​မက်​က ​ရွေ့​ပြောင်း ဘဝမို့
အိုး အိမ်​မဲ့ ဘဝ​တွေကို​ မြေစမ်း ခရမ်းပျိုး
ည​နေခင်းတိုင်း မြစ်​​ရေလျှံ ဘဝမို့
ဆွေ မျိုးမဲ့ ဘဝ​တွေကို တစ်​ပြိုင်​တည်း​မွေးဖွား​စေခဲ့တာ
ညစ်​​ထေး​ထေးရေထုထဲ
အနာဂတ်​​တွေ ဂျီးထူ​စေခဲ့တယ်​​လေ.....။

အို..!! ကမ္ဘာ​မြေ
မြေစာ အရိုင်းပန်း​တွေက ကြမ္မာ အရိုင်း​တောထဲက​နေ
ဆာ​လောင်​မှု မျက်​ရည်​ဆက်​လက်​နဲ့​ အော်​​နေကြတယ်
တောက်​ပတဲ့ အနာဂတ်​ဆိုတာ....

"အကျီင်္ီ မဝတ်​တဲ့​နေ့​တွေလားတဲ့"

ဗိုက်​ဆာလို့ ငိုရပြန်​ပြီ ​ပြေးရလို့ ပန်းလျပြန်​ပြီ
မော့ကြည့်​လိုက်​တိုင်း
အ​ပေါ်စီးက ဆွဲတင်​မယ့်
ကံကြမ္မာရဲ့လက်​တစ်​စုံဟာ
လောဘတက်​ မျက်​နှာဖုံး သား​ကောင်​ရဲ့
တစ်​​သွေး တစ်​သံ တစ်​မိန့်​ ကြောင့်
ပန်း​ရိုင်းလေး​တွေ အနာဂတ်​က
ဗုံးခိုကျင်းထက်​မှာ တွဲလွဲချိတ်​ဆွဲ ခံ​နေရတယ်​.....။

အို..!! ကမ္ဘာ​မြေ
ယောက်​ယက်​ခတ်​ ကျည်​ဖူး​တွေကြား
အ​ပြေးအလွှား​ ဆော့​ကစား​ နေကြတဲ့
ပုံ​ပြော​ကောင်း အဆွယ်​​ အ​ဟော ​တွေ​ကြောင့်
လမ်း​ချော်​သွားရတဲ့​ ပြေးလမ်း​ပေါ်က ပန်း​လေး​တွေ
ဘယ်​နှစ်​ပွင့်​​တောင်​​ ကြွေပြီးပြီလည်း
ရွှေချထားတဲ့ အနာဂတ်​​တွေ အ​မော​ဖောက်
မနက်​ဖြန်​တိုင်း ကိုယ့်​​ခြေရာ​တွေ ကိုယ်​ပြန်​​ကောက်
တောက်​ပတဲ့​ ရွှေ​ရောင်​အနာဂတ်​ဆိုတာ
သူတို့​တွေအတွက်​ ချိုမြတဲ့ ဒုက္ခလျှာဖျားတဲ့လား .....။

ပန်း​တွေ ကောက်​တဲ့​ ခြေရာ​တိုင်းအတွက်
ဖောက်​​နေတဲ့ ​ပြေးလမ်းထက်​မှာ 
ပျောက်​​နေတဲ့ အနာဂတ်​​တွေအတွက်
အိမ်​မက်​ကို ဖယာင်းသွပ်​သွင်း
ပုံ​ဖော်​လို့ ထုဆစ်
လှပတဲ့ အနာဂတ်​တိုင်းမှာ
တဖျန်းဖျန်း​ တောင်​ပံခတ်​သံ​​တွေနဲ့အတူ
ပန်း​လေး​တွေ ထာဝရဖူး ​ဝေ​နေအောင်
တွဲထူလို့​  ဖေးကူကြမယ်​...
အနာဂတ်​အတွက်​ ပန်း​ကောင်း​​တွေ
ရွှေ​ရောင်​ အနာဂတ်​များ ဆီသို့..........။

နွန်း


အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now