"အနာဂတ်​ရဲ့ မုန်​တိုင်း​တေးသံ"

93 5 4
                                    

တကယ်​​တော့​ ခေတ်​က မျက်​​မှောက်​​ခေတ်​ဒါ​ပေမယ့်​သိပ်​ဆန်းတယ်​ဗိုက်​ဆာလို့ငိုရတယ်​​ပြေးရလို့ပန်းလျတယ်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တကယ်​​တော့​ ခေတ်​က မျက်​​မှောက်​​ခေတ်
ဒါ​ပေမယ့်​သိပ်​ဆန်းတယ်
ဗိုက်​ဆာလို့ငိုရတယ်
ပြေးရလို့ပန်းလျတယ်​။

နှင်းခါး​တွေဘဝကိုဖျတ်​ရိုက်​သွားတဲ့​နေ့
အဲ့ဒီ​နေ့....
ငါ့နာမည်​ဒုက္ခသည်​စာရင်းထဲဝင်​သွားတယ်​။

မိုးမလင်း​သေးဘူး
ထစ်​ချုန်းငို​ကြွေးရပြန်​ပြီ
ကြမ္မာအရိုင်း​တွေထဲက
ဘဝအရိုင်း​တွေ
ငါ့ကို​ခေါင်း​ထောင်​ကြည့်​ကြပြီး
ဘဝထဲတစ်​လှည့်​စီဝင်လာကြတယ်​။
ပြန်​ထွက်​သွား​တော့
ငါနားခိုတဲ့အရိပ်​သစ်​ပင်​​တွေကို
ပုဒ်​မတပ်​ တထစ်​ထစ်​ခုတ်​ဖဲ့သွားကြတယ်

ဘဝကို..
ငယ်​သံပါ​အောင်​ငို​ကြွေး​စေပြီး
ညည်းညူသံတွေရှည်​လျား​စေပြန်​တယ်
နောက်​​တော့ငါက​ တောမီးဖြစ်
တ​ငွေ့​ငွေ့​လောင်​ကျွမ်းသွားလို့
ငိုချင်းကိုအ​ပေါ်စီးက လှမ်းကြည့်​​တယ်
ဘဝဆိုတာ ဒုက္ခလျှာဖျားရဲ့
ရသ တစ်​ခုဖြစ်​မှန်းသိခဲ့တယ်​။
.
.
.
.
7.10.2016
နွန်း

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now