နှင်းဆီနီလေးတစ်ပွင့်ကိုကိုင်
သူ ကျွန်တော့်ရှေ့ လာရပ်တယ်
မျက်ဝန်းမှာတွဲ၊ပုလဲတွေက
ဖြေလျော့ကာ ရွဲနေတဲ့
မျက်ရည်အိမ် ပြတင်းကနေ
တစ်ပေါက်ချင်းစီ သူ စကျဲတယ်ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့
ပန်းနုရောင် သူ့လက်အတွင်းက
ခပ်မြော့မြော့ နှင်းဆီနီရဲ့လည်တိုင်ဟာ
တဖျတ်ဖျတ် အသက်ရှူရင်း
ပင့်သက် တစ်ချက်မှာ
ပွင့်ဖတ်တွေ ကြွေကျခဲ့တယ်
မြေပြင်ပေါ်သို့....
တစ်စဆီ .......။
တစ်လွင့်ဆီ......။"အဲ့ဒါ....သူ့နှလုံးသားပါတဲ့"
ကွဲကြေကြေ နှလုံးသားကို
နွမ်းကြေကြေ ပွင့်ဖတ်နဲ့ တင်စား
တိတ်ဆိတ် ပြိုအပ်တဲ့ အကြည့်ထဲ
ရော်ရိဆွေးနေတဲ့ ရင်ကိုပုတ်ပြရင်း"သူ့နှလုံးသားတွေ မွမွကြွေကြ ကုန်ပြီတဲ့"
ကြေကွဲလွန့်လူး သူ့စကား
မမြင်ရတဲ့ အလွမ်းကိုပျိုး
ကြွေကျတဲ့ မျက်ရည်ကို
မြစ်အဖြစ်.... စ်ီးစေပြီး
သူ့....ချစ်ခြင်းကို ရိုးတံလုပ်
သူ့....နှလုံးသားကို ပွင့်ဖတ်ခံ
အလွမ်းဝါဝါတွေကို မြေလွှာခင်းချောက်ကပ် ပြိုအပ်တဲ့ ရင်ခွင်ထဲ
တစ်တောလုံးကို မျက်ရည်နဲ့
စိမ်းလန်းစေသူ...
ရှင်သန်ခြင်း အတက် အလက်တွေကို
ရနံ့ပွင့် အခက်အလက်တွေနဲ့ ...ရင်ခွင်ထဲ.....။
ပန်းတစ်ပွင့်ကို ဖန်းဆင်း သွား တဲ့သူ..။နွန်း
29.5.2017(နွယ်ficကိုမှီငြမ်း၍ဤကဗျာကိုရေးသည်)
KAMU SEDANG MEMBACA
အတွေး၊စိတ်ကူးကဗျာများ
Romansaဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...