"​နေဝင်​ခဲ့​လေ​သော...ပန်းတိုင်​"

82 5 2
                                    

ဘဝဆိုတာ​လွင့်​​မျောပါတဲ့တိမ်​တစ်​စလိုသွားသာသွားသည်​စိုက်​ထူပန်းတိုင်​ရှာရသည်​။ကြာသည်​အမျှကံကြမ္မာက​လေပြင်းထန်​ထန်​​လေဆန်​ရိုင်းရိုင်းသူ့စိတ်​ရိုင်းနှင့်​ကျိန်​​သေးသည်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘဝဆိုတာ
လွင့်​​မျောပါတဲ့
တိမ်​တစ်​စလို
သွားသာသွားသည်
စိုက်​ထူပန်းတိုင်​ရှာရသည်​။
ကြာသည်​အမျှ
ကံကြမ္မာက
လေပြင်းထန်​ထန်
လေဆန်​ရိုင်းရိုင်း
သူ့စိတ်​ရိုင်းနှင့်​ကျိန်​​သေးသည်​။

လေပြင်း​စေရာ
လွင့်​ရပါသော
လေဆန်​မ​တွေ့
တိမ်​စိုင်​ငယ်​သည်
ရုန်းကာအားစိုက်
ပျံတက်​​သော်​လည်း
နက်​ရှိုင်းကျယ်​​ပြော
လောကဓံ​ကြောင့်
စိတ်​နာငို​ကြွေး
ရှိုက်​သံပြု၍
မျက်​ရည်​​တေးကိုသီခဲ့သည်​။

အရွယ်​စုံ​ခြေရာ
မျောပါခဲ့​​သော
ဘဝပင်​လယ်​မှာ
ငါ၏​ခြေရာငါပြန်​​ကောက်​လို့
ထွန်းညှိမှိုင်းညို
ဖ​ယောင်းတိုင်​လို
ချုပ်​ငြိမ်းချိန်​ကလာခဲ့ပြီ။
ကံကြမ္မာအမျက်​မုန်း
ကျိန်​စာစုန်း​ကြောင့်
ငါ့ပန်းတိုင်​လည်း
ပျောက်​ခဲ့ပြီ။

18.1.2017
နွန်း












အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now