"​လောကကြီးကိုမုန်းတယ်​"

90 5 2
                                    

သေရမယ်​လို့အမိန့်​ချခဲ့ပြီးကာမှ​မွေးဖွားခြင်းဆိုတဲ့ပြစ်​ဒဏ်​ကိုထပ်​မ​ပေးပါနဲ့​တော့လား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သေရမယ်​လို့အမိန့်​ချခဲ့ပြီးကာမှ
မွေးဖွားခြင်းဆိုတဲ့ပြစ်​ဒဏ်​ကို
ထပ်​မ​ပေးပါနဲ့​တော့လား.....

ဆုံစည်း​ခွင့်​​တွေ​ပေးပြီးကာမှ
ခွဲခွာခြင်း​ဆိုတဲ့ကြိုးမိန့်​ထပ်​မချနဲ့​တော့​လေ။

ငါတို့ဟာ...
ခံစားချက်​နဲ့ သက်​ရှိလူသား​တွေပါ......။

ခင်​ဗျား​ကြောင့်​....
ဘုမသိဘမသိ လူ့​လောကထဲ
ရောက်​လာတဲ့ကျွန်​​တော်​တို့မှာ
ဘဝအတွက်​ရုန်းကန်​ရင်း
သေဆုံးတဲ့အချိန်​ထိ
သောကတစ်​​ပွေ့တစ်​ပိုက်​နဲ့
ကိုယ့်​မျက်​ရည်​ကိုယ်​ပြန်​ထမ်းရင်း
နောက်​ဆုံးခရီးကို
ခင်​ဗျားအလိုကျသွား​ပေး​နေရတယ်​။

ဘာအငြိုး​တွေ​ကြောင့်​...
ဒီ​လောက်​ထိရက်​စက်​တာလည်း
ခင်​ဗျားမှာ...ပါးစပ်​သာပါခဲ့ရင်
အ​ဖြေ​လေး​တော့မ​သေခင်​ကြားချင်​မိတယ်​...

"​ဖြေသွားပါလား...​လောကကြီးရယ်​.."

Noon
12.1.2017

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now