နုပျိုခြင်းဆိုတဲ့ တံခါးဝကိုငါဆွဲဖွင့်
အဲ့ဒီထဲမှာ ရိုးသားတဲ့မျက်ဝန်းတစ်စုံရယ်
ပျိုမျှစ်တဲ့ နှုတ်ခမ်းတစ်စုံရယ်
တစ်နေရာထဲမှာ သူတို့အတူရှိနေကြတယ်။ရိုးသားတဲ့မျက်ဝန်းက..
သူ့ကိုယ်သူအလံတင်တဲ့မနက်ခင်းကို
အကြည့်ချင်းစုံပြီး ပြုံးပြနုတ်ဆက်လိုက်တယ်။ပျိုမျှစ်တဲ့ နှုတ်ခမ်းတစ်စုံကတော့
တစ်နေ့တာစားစရာတွေ
အပြွတ်လိုက် အခဲလိုက်သီးနေစေဖို့အတွက်
ဈေးဖိုးယူပြီး အစာရှာထွက်တယ်။ဒါဟာ ဘဝတစ်စိတ်တစ်ဒေသပဲလေ
လက်ခုပ်သံတဖြောင်းဖြောင်းနဲ့
ခမ်းနားပါတယ်လို့ပြောစရာမရှိအောင်ကို
ခမ်းနားတယ်။ဘယ်သူသတိထားမိတာမှတ်လို့
လက်ခုပ်သံတွေနဲ့အတူ
အိမ်မက်တွေ အချပ်လိုက်
ကွာကျလာလိုက်တာ
ငါ့လျှောက်လမ်းမှာ ကြယ်တွေလိုဖွေးလို့လေ။အိမ်မက်တစ်စိတ် ပြိုကျတိုင်း
ငါ့မရိုးသားမှုတွေတောင်ပုံယာပုံဖြစ်လာတယ်
အိမ်မက်တစ်ခြမ်း ပြိုကျတိုင်း
ငါ အစွယ်တွေနဲ့ပြုံးတက်လာတယ်
ဘဝကြီးမှာလှည့်လည်ကျက်စားရင်း
အထှာကျတယ်ပြောမလား
သမ္ဘာကျတယ်ပြောမလားနောက်ဆုံးနေထိုင်တဲ့ကမ္ဘာကြီးကိုတောင်
လူလိမ်လူပေလို့စွပ်စွဲတက်လာတယ်။
ငါ့ရဲ့လူနေမှုပုံစံတစ်ရပ်ဟာလည်း
တဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်။ဖြစ်ချင်ခဲ့တာက အရာအားလုံးပိုင်စိုးတဲ့
အလိုကျတဲ့ဇာတ်ဆရာတစ်ယောက်
ဒါပေမယ့် လက်တွေ့မှာကျ
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်သာဖြစ်ခဲ့တယ်ပုံပြင်က အဓိပ္ပါယ်တွေကြွယ်ဝပေမယ့်
အတုအပသတိမပြုမိတက်တော့
ငါဆိုတဲ့ ငါဟာ..
စစ်ပွဲမှာ စစရှုံး အရေးနိမ့်ခဲ့တဲ့
သူရဲကောင်းတစ်ယောက်ဖြစ်နေတယ်4.10.2016
နွန်း
YOU ARE READING
အတွေး၊စိတ်ကူးကဗျာများ
Romanceဘဝဟာ ယားနာပေါက်တဲ့ အရေးပြားလို ကုတ်လေပဲ့လေ ပွတ်လေ ပွန်းလေနဲ့ အုံနာခ လာတောင်းတဲ့ ရာသီပေါ်သီးနှံလို မစိုက်ပါပဲ ကွက်ကျော်မြေမှာ ဒဏ်ရိုက်ခံခဲ့ရ...။ စည်းဘောင်မဲ့ အခွန်ပြေစာဟာ ကတုန်ကရင် လက်နဲ့ မိတ်ဆက် နှစ်တစ်ရာ မြေခွေးရဲ့အ...