"စိတ္တဇ အလွမ်းရဲ့ ဝိညာဉ်ရှိုက်သံ"

166 3 0
                                    

ရည်​ညွှန်း​ဖော်​ညွှန်းတာမ​ကောင်းလို့​နေမယ်

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

ရည်​ညွှန်း​ဖော်​ညွှန်းတာမ​ကောင်းလို့​နေမယ်​...
ဆုနဲ့လွဲချော်ခဲ့တယ်လေ...ပေးထားတဲ့
ခေါင်းစဉ်အောက်မှာဝင်ပြိုင်ခဲ့တာပါ...
မော်ဒန်ကဗျာသီးသန့်ပြိုင်ပွဲ

"စိတ္တဇ အလွမ်းရဲ့ ဝိညာဉ်​ ရှိုက်​သံ"

ည​နေဆည်းဆာဟာ တိမ်​ညို​တွေကိုအ​ဖော်​ပြုရင်း
လေယူရာ​ဆောင်​ကြဉ်း မင်းနှလုံးသားရဲ့
အချစ်​သဝဏ်​လွှာကို သူယူလာခဲ့တယ်​။

မင်းသဝဏ်​လွှာ​အောက်​ နှလုံးသားညှိတဲ့ကြိုး
ဆက်​ထုံး​ရယ်​ပြေ၊အက်ရာ​တွေ​ ကြေမွလို့
ငါ့နှလုံးသားရဲ့ကန့်​သတ်​နယ်​​မြေကို​တောင်
ဘောင်​ကျဉ်း​အောင်​ချုံ့ချသွားကြတယ်​။
မမြင်​​ရတဲ့ ငါ့နှလုံးခုန်​သံ​တွေဟာ တိုးလွန်းလှပါတယ်ချစ်သူ..။

ရင်​ဘတ်​မှာ လာလာငြိ​တဲ့ မင်း ချည်​တိုင်​ကြိုး​​ကြောင့်
အချစ်​စာတမ်းကိုလည်း လက်​စမသတ်​ခဲ့ရသလို၊
ငုံလွှာဖူး နီထွေးနု နှစ်​လွှာနှုတ်​ခမ်းကြားက အဆိပ်
စကားပန်း​တွေ တလွင့်​လွင့်​ကျဲချတာ​ကြောင့်
နုနယ်​တဲ့ချစ်​ခြင်း​တွေကြိုးမိန့်​ကျ၊အသက်​လုချိန်​​တောင်
မရလိုက်​ပါဘူး....

တမလွန်​ကို​ ​ခြေဆန့်​လိုက်​ရတဲ့ ရင်​ဘတ်​ကြီးက
စိတ္တဇအလွမ်း​တွေကို ထထ ​ထွေးပိုက်​ နမ်းရှုပ်​ရင်း
အချစ်​ရဲ့​လှေကား​ပေါ်မှာ ငါ့မျက်​ရည်​​တွေက
အတက်​အဆင်းများ​ခဲ့တာ....။

ငါ့နှလုံးအိမ်​​ပေါက်​ပြဲ ၊ ဒဏ်​ရာနက်​ပုံက....
သွေးစိမ်းရှင်​​တွေပွင့်​ထွက်​၊အသက်​ရှူနှုန်း​တွေ
က​ယောက်​ကယက်​နဲ့၊အပြည့်​အဝလင်းလက်​ခွင့်
မရ​တော့တဲ့ ဝိညာဉ်​ကြယ်​လို လင်းလက်​မှု​တွေက
အ​ရောင်​မှိုင်း၊​တောက်​ပမှု​တွေက အ​ရောင်​ထိုင်းကာ
ဘုံ​ပျောက်​ခဲ့ရပြီ...။

တစ်​​ပေါက်​​ပေါက်​​ကြွေ​နေတဲ့ မျက်​ရည်​​တွေကိုခူးရင်း၊
တဆစ်​ဆစ်​နာ​နေတဲ့ အလွမ်း​တွေကိုကြိုးနဲ့သီ၊
အကာရံ​တွေကင်းတဲ့​ လေဟာပြင်​မှာ လွင့်​​နေတဲ့
ငါ့ဝိညာဉ်​ဟာ ကံကြမ္မာ​ခြေရင်းမှာမျက်​ရည်​​တွေကျခဲ့တယ်​။

ဒါ​ပေမယ့်​​လေ...ချစ်​သူ မင်းခပ်​​ပြေ​ပြေ​လေး​ကြည့်​လှည့်ပါ့​ငါ့နှလုံးသားကိုဖမ်းယူ၊ ​ကြိုးကွင်းစွပ်​ဒေါက်​ဖြုတ်​ချလိုက်​တာ
ပဲ့​နေတဲ့ ငါ့ဝိညာဉ်​အနားသတ်​မှာ စိတ္တဇအလွမ်း​တွေဟာ
ငိုရှိုက်​သံနဲ့အတူ အလွမ်းသစ်​ပင်​ရဲ့အကိုင်းအခက်​​တွေမှာ တွဲလွဲခို​နေကြတယ်​......။

နွန်း









အ​တွေး၊စိတ်​ကူးကဗျာများTempat cerita menjadi hidup. Temukan sekarang